အပိုင်း(၆၀) ခရီးထွက်ခွာခြင်း

26 4 0
                                    


နောက်တစ်နေ့နံနက်ခင်းတွင်...

တော်ဝင်နန်းတော်အရှေ့၌...

နန်းတော်အစောင့်အရှောက်တွေက အသင့်စောင့်ဆိုင်းနေကြလျက်ရှိသည်။ သူတို့ရဲ့ဘေးမှာတော့ ဇူယွမ်က သူ့ကိုလိုက်ပို့တဲ့ ဇူချင်နဲ့ချင်ယုတို့ကို စကားပြောနေသကဲ့သို့ သူ့ရဲ့အကြည့်တွေက အဝေးကိုမကြာခဏဆိုသလို လှမ်းကြည့်နေလျက်ရှိသည်။

ခွပ်... ခွပ်...

အလျင်စလိုနိုင်လှသည့်မြင်းခွာသံတွေက အဝေးမှပျံ့လွင့်လာသကဲ့သို့ မီးလျှံကဲ့သို့နီရဲနေသည့်မြင်းတစ်ကောင် သူတို့ထံပြေးလွှားလာနေသည်ကို မြင်လိုက်ကြရသည်။ ၎င်းက သူတို့နဲ့သိပ်မကွာတဲ့နေရာမှာ ဟီသံပေးကာရပ်တန့်သွားခဲ့ပြီး မြင်းပေါ်မှ နူးညံသိမ်မွေ့တဲ့ပုံရိပ်လေးက လှပစွာခုန်ဆင်းခဲ့လိုက်သည်။

ထိုပုံရိပ်လေးက စုယုဝေပင်ဖြစ်သည်။ ဒီနေ့မှာသူမက မီးခိုးရောင်အင်္ကျီနဲ့ဘောင်းဘီကို ဝတ်ဆင်ထားခဲ့သလို သူမရဲ့ဆံပင်တွေကိုလည်း ကျစ်ဆံမြီးကျစ်ထားလျက်ရှိသည်။ သူမရဲ့ပုံစံက အရမ်းကိုလှပလို့နေရပြီး သူမကိုမြင်လိုက်ရသူတိုင်းရဲ့စိတ်ကို အေးချမ်းသွားစေသည်။

နန်းတော်အစောင့်အရှောက်တွေက သူမကိုဟန့်တားခဲ့ခြင်းမရှိဘဲ သူမကိုရထားလုံးဆီသို့ သွားခွင့်ပေးလိုက်သည်။ ဒီနေရာကို အလောတကြီးလာခဲ့ရမှုကြောင့် သူမရဲ့လှပတဲ့မျက်နှာလေးက အနည်းငယ်နီရဲနေခဲ့ကာ သူမရဲ့ပြောင်ရှင်းနေတဲ့နဖူးလေးထက်မှာ ချွေးစက်ချွေးပေါက်လေးတွေ ထွက်ပေါ်နေရပေသည်။

"ယုဝေက အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ကို နှုတ်ဆက်ပါတယ်..." စုယုဝေကအရင်ဆုံး ဇူချင်နဲ့ချင်ယုတို့ကိုကြည့်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်၍အရိုအသေပေးလိုက်သည်။

ဇူချင်နဲ့ချင်ယုတို့နှစ်ယောက်စလုံးက နွေးထွေးတဲ့အပြုံးတွေနဲ့အတူ ပြန်ပြီးတုန့်ပြန်လိုက်သည်။ သူတို့တွေက စုယုဝေရဲ့စွမ်းဆောင်ရည်ကို အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ မြင်တွေ့ခဲ့ပြီးနောက်မှာ ဒီလိုသန်မာပြီး တစ်သီးတစ်ခြားဖြစ်နေသည့်မိန်းကလေးကို တိတ်တဆိတ်ပင်နှစ်သက်သဘောကျမိကြသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now