၁၀၅

29 2 0
                                    

နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၈)

အပိုင်း(၁၀၅) ဓားတစ်ချက်နောက်ကွယ်ကခံစားချက်များ

မြို့တော်တောင်ဘက်ဂိတ်တံခါး...

ပြင်းထန်တဲ့တိုက်ပွဲကဆက်လက်ဖြစ်ပွားနေသကဲ့သို့ လေထုထဲမှာလည်း သွေးနံ့တွေလှိုင်လှိုင်ထနေရပေသည်။

မြို့ရိုးထက်မှာ လင်းနင်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ သန်မာတဲ့မူလချီတွေ တစ်ဟုန်ထိုးထွက်ပေါ်နေလျက်ရှိပြီး သူ့ရဲ့တိုက်ခိုက်မှုတိုင်းမှာ ကြီးမားတဲ့စွမ်းအားတွေပါဝင်နေကာ မြေပြင်ကိုတောင် ကွဲအက်သွားစေနိုင်ပေသည်။ လုတိန်ရှန်းနဲ့ ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူများစွာက လင်းနင်ကိုဝိုင်းရံတိုက်ခိုက်နေလျက်ရှိပြီး သူ့ကိုမြို့တော်ဂိတ်တံခါးကို ချိုးဖျက်နိုင်ခြင်းမရှိစေရန် အဆက်မပြတ်ကြိုးစားဟန့်တားနေလျက်ရှိသည်။

သို့ပေမဲ့လည်း မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရပ်တန့်နိုင်ဖို့ဆိုတာက မည်သို့လွယ်ကူလိမ့်မည်နည်း။

လုတိန်ရှန်းအပါဝင် ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူ စုစုပေါင်းခုနှစ်ယောက် ဝိုင်းရံတိုက်ခိုက်နေတာတောင်မှပင် တစ်ယောက်က လင်းနင်ရဲ့သတ်ဖြတ်ခြင်းခံခဲ့ရသလို နောက်ထပ်နှစ်ယောက်ကလည်း ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ရသည်။ ကျန်တဲ့လူတွေအားလုံးရဲ့ခန္ဓာကိုယ်တွေမှာလည်း သွေးတွေနဲ့ရွဲစိုနေကာ သူတို့ရဲ့ပုံစံတွေက လွန်စွာမှပင်သနားစရာကောင်းသည့်အခြေအနေတွင် ရောက်ရှိနေရပေသည်။

ဘေးမှကြည့်နေသူအားလုံးက မကြာမီမှာပင် လုတိန်ရှန်းတို့အားလုံး ရှုံးနိမ့်သွားကြရတော့မည်ကို မြင်နေကြရသည်။

နှစ်ဖက်စလုံးရှိစွမ်းအားမြင့်ကျင့်ကြံသူတွေကလည်း အလားတူပင် ထိုမြင်ကွင်းကိုမြင်တွေ့နေကြရပေသည်။

"ဟားဟား... ကြည့်ရတာ မင်းတို့ရဲ့တောင်ဘက်ဂိတ်က ကျတော့မှာပဲ..." ဝမ်ကောင်းရှန်က ဇူယွမ်နဲ့တိုက်ခိုက်နေစဉ်မှာ ဇူယွမ်မခံချိမခံသာဖြစ်ပြီး သူ့ရဲ့စိတ်အာရုံတွေပျက်ပြားသွားစေရန် မျှော်လင့်ချက်ဖြင့် မကြာခဏလုပ်ဆောင်နေခဲ့သည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now