၈၉

25 2 0
                                    

နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၇)

အပိုင်း(၈၉) အညံ့ခံခြင်း

ဝေါင်း...

ထန်ထန်၏ခြေထောက်အောက်တွင် တောက်ပသည့်အနီရောင်မူလချီတွေ မြင့်တက်လာခဲ့ရသည်။ တောက်ပတဲ့အနီရောင်မူလချီတွေက အနက်ရောင်အလင်းတွေနဲ့ ပေါင်းစပ်သွားသည့်ပုံပေါ်ပြီး ၎င်းကိုအနည်းငယ်ထူးခြားဆန်းကြယ်သွားစေခဲ့သည်။

ထန်ထန်ရဲ့လက်သည်းလေးခုအောက်ရှိ စွမ်းအားပြည့်ဝသည့်မူလချီတွေက ၎င်းကိုလေထဲသို့မြင့်တက်သွားစေခဲ့ပြီးနောက်မှာ ၎င်းကအနီရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီး အဆိပ်ဘုရင်ထံသို့ ဦးတည်၍ပြေးထွက်သွားခဲ့သည်။

ထန်ထန်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ဝေကန်းလန်နဲ့တိုက်ခိုက်နေသည့် အဆိပ်ဘုရင်ကလည်း ပုံမှန်အားဖြင့်မြင်တွေ့နေရပေသည်။ အခုလိုမျိုးထန်ထန်က သူ့ဆီကိုဝင်ရောက်လာသည်အားတွေ့လိုက်ရသည့်အခါ သူ့ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့ရသည်။ ဝေကန်းလန်နဲ့ သူ့ရဲ့တိုက်ပွဲက အခုအချိန်မှာ မတိုးသာမဆုတ်သာအခြေအနေတွင် ရောက်ရှိနေခဲ့ရကာ ထို့ကြောင့်ပင် အခုလိုမျိုးရက်စက်ကြမ်းကြုတ်လှသည့် မူလမှော်သားရဲတစ်ကောင်ပါ ထပ်မံပါဝင်လာခဲ့ခြင်းက သူ့အတွက် အကျိုးရှိစေနိုင်လိမ့်မည်မဟုတ်ပေ။

အစောပိုင်းတုန်းက သူ့အနေနဲ့ ဝေကန်းလန်နှင့် အပြင်းအထန်တိုက်ခိုက်နေခဲ့ရပေမဲ့လည်း တိုက်ပွဲဂိုလမ်စပါးအုံးမြွေ မည်ကဲ့သို့ပျက်စီးသွားခဲ့ရသည်ကို ကောင်းစွာမြင်တွေ့ခဲ့သည်။ ထို့ကြောင့်ပင် ဒီထူးဆန်းတဲ့မူလမှော်သားရဲက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲဆိုတာကို သူ့အနေဖြင့် ကောင်းစွာနားလည်နိုင်ပေသည်။

"မင်းကငါနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာတောင်မှ မင်းရဲ့စိတ်ကိုပျံ့လွင့်သွားစေရဲတာလား..." သို့ပေမဲ့လည်း အဆိပ်ဘုရင်ရဲ့နှလုံးက လှုပ်ခတ်သွားစဉ်မှာပင် ဝေကန်းလန်ရဲ့အေးစက်စက်ရယ်မောသံက ထွက်ပေါ်လာခဲ့ရသလို ထက်မြတဲ့ရွှေရောင်မူလချီတွေပါဝင်နေသည့် ပြင်းထန်တဲ့လက်သီးတစ်ချက်က လေထုကိုဖြတ်သန်း၍ အဆိပ်ဘုရင်၏ သေစေနိုင်တဲ့နေရာတွေကို ဝင်ရောက်လာခဲ့သည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now