အပိုင်း(၇၅) ရှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်

28 3 0
                                    


တည်းခိုဆောင်အတွင်းဝယ်...

အစောပိုင်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် လူတိုင်းရဲ့အမူအယာတွေက အနည်းငယ်လေးနက်လာခဲ့ရ၏။ ချီအိမ်တော်နဲ့ အဆိပ်ဘုရင်တို့ပူးပေါင်းခြင်းက သံသယရှိစရာမလိုလောက်အောင်ပင် သူတို့အတွက် အကြီးမားဆုံးအဟန့်အတားတစ်ခုဆိုတာကို သူတို့တွေနားလည်ကြသည်။

ဇူယွမ်ရဲ့အမူအယာက အလွန်ပင်လေးနက်တည်ကြည်နေကာ ဝေကန်းလန်ကိုကြည့်လိုက်ရင်း မေးလိုက်သည်... "ဗိုလ်ချုပ်ကြီးဝေ... အဆိပ်ဘုရင်နဲ့ရင်ဆိုင်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးအတွက် အနိုင်ရဖို့အခွင့်အရေးဘယ်လောက်ရှိနိုင်မလဲ..."

ဝေကန်းလန်က အချိန်ခဏကြာအောင် တုန့်ဆိုင်းနေခဲ့ပြီးမှ ဖြည်းညှင်းစွာပြန်ဖြေသည်... "မူလစဦးအဆင့်မှာ အဆင့် ၉ဆင့်ရှိပြီးတော့ ငါနဲ့အဆိပ်ဘုရင်တို့နှစ်ယောက်စလုံးက ဒုတိယအဆင့်မှာရှိကြတယ်... ငါတို့တွေ အမှန်တကယ်ရင်ဆိုင်တိုက်ခိုက်ကြမယ်ဆိုရင် ဘယ်သူကမှ လွယ်လွယ်ကူကူနဲ့အသာစီးရနိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ အဆိပ်ဘုရင်မှာ အဆင့်မြင့်အဆင့် ၄မူလချီဖြစ်တဲ့ နတ်ဆိုးမြူချီရှိတယ်... ဒါက အရမ်းကိုကြောက်စရာကောင်းတဲ့အဆိပ်ချီဖြစ်ပြီးတော့ တိုက်ခိုက်နေစဉ်မှာ သူ့ရဲ့ပြိုင်ဘက်ကို မသိလိုက်စေဘဲနဲ့ အလွယ်တကူအဆိပ်မိသွားစေနိုင်တယ်... ဒါ့ကြောင့်ပဲ အရင်တုန်းက သူ့လက်ထဲမှာငါဒဏ်ရာရခဲ့ရတာပဲ..."

"ဒီနတ်ဆိုးမြူအဆိပ်က တကယ့်ကိုခေါင်းကိုက်စရာပဲ..."

သူတို့ရဲ့စိတ်ဓာတ်တွေ ထိခိုက်ကျဆင်းသွားမှာစိုးရိမ်သည့်အလား ဝေကန်းလန်က လျင်မြန်စွာပင်ထပ်ဖြည့်ပြောလိုက်သည်... "ငါ့အနေနဲ့ နတ်ဆိုးမြူအဆိပ်ကို စိုးရိမ်မိပေမဲ့လည်း အချိန်ကျလာရင် ငါကအဆိပ်ဘုရင်ကို သေချာပေါက်ဟန့်တားထားပေးမယ်..."

ဇူယွမ်၏မျက်နှာထက်မှာ အတွေးနက်နေဟန် ထင်ဟပ်လာခဲ့ရသည်။ ဒီအရာက အားလုံးတော့အာမခံချက်မရှိပေ။ တကယ်လို့ထင်မှတ်မထားတဲ့အရာတွေသာ ဖြစ်လာခဲ့မယ်ဆိုရင် အခြေအနေကသူတို့အတွက် အလွန်ပင်ဝေးကွာသွားရပေလိမ့်မည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now