နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၆)အပိုင်း(၈၄) ကြောက်မက်ဖွယ်ကောင်းသောနဂါးဒေါသအဆိပ်
ချီဟောင်ရဲ့ရက်စက်လိုသည့်အပြုံးကို မြင်လိုက်ရပေမဲ့ ဇူယွမ်၏အမူအယာက ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ သူ့အနေဖြင့် ချီပင်လယ်ကိုမဖွင့်နိုင်သေးသည့်အပြင် ချီစုဆောင်းမှုအဆင့်ကိုမရောက်ရှိသေးခဲ့ဘူးဆိုလျှင် ချီဟောင်ကိုရင်ဆိုင်နိုင်ဖို့ဆိုတာက ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
ချီဟောင်အတွက် ကံမကောင်းခဲ့တာက ရှေးဟောင်းနယ်မြေအတွင်း မဝင်ရောက်ခင်မှာပင် ဇူယွမ်ကချီစုဆောင်းမှုအဆင့်ကို ခြေလှမ်းနိုင်ခဲ့ရသလို သွေးနီရောင်ချီပင်လယ်ကိုပါ ဖွင့်ထားနိုင်ခဲ့သည်။
"ငါအရင်ကပြောခဲ့သလိုပဲ... မင်းက ချီအမျိုးယုတ်ကောင်ဆိုတဲ့နာမည်နဲ့ ထိုက်တန်မှုရှိတယ်..." ဇူယွမ်ကရယ်မောကာပြောလိုက်သည်။
ချီဟောင်ရဲ့မျက်နှာက ဒေါသကြောင့်နက်မှောင်သွားခဲ့ရပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ လူသတ်လိုစိတ်တွေထွက်ပေါ်လာခဲ့ရကာ အံကိုတင်းတင်းကြိတ်၍ ဒေါသတကြီးပြောလိုက်သည်... "အမှိုက်ကောင် မင်းခဏစောင့်နေလိုက်ဦး... မင်းသာငါ့လက်ထဲရောက်လာခဲ့ရင် ငါမင်းလျှာကို အရင်ဆုံးဖြတ်ပစ်မယ်..."
"မင်းရဲ့ညီချီယွဲ့လည်း ငါ့ကိုဒီလိုပြောခဲ့တာပဲ... ဒါပေမဲ့နောက်ဆုံးကျတော့လည်း သူ့ရဲ့လက်ကငါဖြတ်တာကိုခံလိုက်ရသလို အခုချီအိမ်တော်ထဲမှာ နွားတစ်ကောင်လိုနေထိုင်နေရပြီး အပြင်ထွက်ဖို့ကို ကြောက်နေရတယ်မလား..." ဇူယွမ်က ပြန်လည်ချေပလိုက်သည်။
"ဟားဟားဟား..."
ချီဟောင်က ဒေါသတကြီးရယ်မောလိုက်သလို သူ့ရဲ့မျက်လုံးထဲမှာ လူသတ်လိုစိတ်တွေက အထွတ်အထိပ်ကိုရောက်ရှိသွားခဲ့ရသည်။ ထို့နောက်မှာ သူကလက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပတ်လည်မှာ မူလချီတွေလှုပ်ရှားထွက်ပေါ်လာခဲ့ကာ သူ့ကိုဖုံးလွှမ်းသွားခဲ့သည်။
ချီဟောင့်ထံမှထွက်ပေါ်နေသည့် မူလချီတွေက ရွှေရောင်အရောင်အဆင်းရှိကာ လွမ်းမိုးနိုင်စွမ်းအပြင် ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေပေသည်။ ၎င်းက ချီအိမ်တော်ရဲ့စွမ်းအားအမြင့်ဆုံးမူလချီဖြစ်သည့် အဆင့် ၄မူလချီ၊ ကမ္ဘာဦးသတ္တုချီပင်ဖြစ်သည်။
![](https://img.wattpad.com/cover/321043865-288-k970745.jpg)
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasiနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။