ကျောက်စိမ်းရောင်အလင်းတွေရဲ့တိုက်ခိုက်မှုတစ်ကြိမ်ကို ကြုံတွေ့ခဲ့လိုက်ရပြီးနောက်မှာ ရေကန်ရဲ့မျက်နှာပြင်ထက်တွင်လျှောက်လှမ်းနေကြသည့် ကျင့်ကြံသူတွေထဲမှ တစ်ဝက်နီးပါးပျောက်ကွယ်သွားခဲ့ရသည်။ ကျန်နေခဲ့သည့်ကျင့်ကြံသူတွေကလည်း ပုံမှန်အားဖြင့်စွမ်းရည်အချို့ရှိ၍သာ ကျန်နေခဲ့ရခြင်းဖြစ်သည်။ သူတို့တစ်ဦးချင်းစီရဲ့ရှေ့မှာလည်း ဇူယွမ်ကဲ့သို့ပင် တောက်ပတဲ့အလင်းအကာအကွယ်ကိုယ်စီရှိနေကြပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကို အလုံးစုံကာကွယ်ပေးထားသည်။သူတို့ရဲ့ခန္ဓာကိုယ်တွေကို စိတ်ဝိညာဉ်အကာအကွယ်တွေနဲ့ ကာကွယ်ထားသည့်အတွက်ကြောင့် ဇူယွမ်နဲ့ကျန်တဲ့လူအားလုံးရဲ့ခြေလှမ်းတွေက ရပ်တန့်သွားခြင်းမရှိသကဲ့သို့ ကျွန်းငယ်လေးဆီသို့ သတိကြီးစွာထား၍ ဆက်လက်တိုးဝင်သွားခဲ့သည်။
သူတို့တွေက ကျွန်းငယ်လေးနဲ့နီးကပ်လာသကဲ့သို့ ကျောက်စိမ်းသစ်ပင်ထံမှ ကျောက်စိမ်းရောင်အလင်းတွေနဲ့ နောက်ထပ်နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး များစွာသောကျင့်ကြံသူတွေရဲ့ အလင်းအကာအကွယ်တွေကို ပျက်စီးသွားစေခဲ့သလို သူတို့ကိုရေကန်ထဲပြုတ်ကျသွားစေခဲ့ကာ ရေကန်ထဲရှိရေတွေက သွေးရောင်လွှမ်းသွားခဲ့ရသည်။
ထိုအချိန်တွင် ဇူယွမ်နဲ့အခြားအသက်ရှင်ကျန်ရစ်နေသူတွေက ကျွန်းငယ်လေးနဲ့ ပေနှစ်ဆယ်အကွာသို့တိုင်ရောက်ရှိလာခဲ့ပြီး ဒီနေရာကိုရောက်ရှိနိုင်ဖို့အတွက် အချိန်များစွာကြာမြင့်ခဲ့ပေသည်။
ရေကန်ဘေးရှိလူတိုင်းကလည်း အသက်ကိုပြင်းပြင်းမရှူရဲခဲ့ဘဲ တိတ်ဆိတ်စွာဖြင့်ပင် စောင့်ကြည့်နေခဲ့ကြသည်။
ဇူယွမ်ရဲ့မျက်လုံးတွေက ကျွန်းငယ်လေးပေါ်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေလိုက်သည်။ ကျွန်းနဲ့နီးကပ်လာလေလေ သူ့ရဲ့အမူအယာကပို၍ပင် တည်ငြိမ်လေးနက်လာခဲ့ရသည်။ ကျွန်းငယ်လေးထံမှ အစောပိုင်းတိုက်ခိုက်မှုတွေက ၎င်းရဲ့အကန့်အသတ်မဟုတ်သေးကြောင်းကို သူ့အနေဖြင့်ခံစားမိရသည်။
ဇူယွမ်နဲ့ကျန်သည့်လူတွေက တစ်လှမ်းပြီးတစ်လှမ်း ရှေ့ကိုတိုးကပ်သွားခဲ့ပြီး မကြာမီမှာပင် ကျွန်းငယ်လေးရဲ့ကမ်းခြေနဲ့ ဆယ်ပေအကွာသို့ ရောက်ရှိလာခဲ့ကြသည်။
![](https://img.wattpad.com/cover/321043865-288-k970745.jpg)
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။