နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၈)အပိုင်း(၁၁၀) စစ်ပွဲပြီးဆုံးခြင်း
ပင်မဂိတ်တံခါးအပြင်ဘက်၌ ဇူချင်ကလေထဲမှာရပ်နေလျက်ရှိသလို သူ့လက်ထဲရှိ မီးလျှံကိုးမျိုးလှံပေါ်တွင်လည်း မီးလျှံတွေလောင်ကျွမ်းနေကာ လျှပ်စီးတွေခုန်ပေါက်လှုပ်ရှားနေလျက်ရှိသည်။ သူ့ရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့်ဖိအားတွေက ကမ္ဘာမြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားစေနိုင်လောက်သည့် မုန်တိုင်းတစ်ခုအလားပင်။
များစွာသောလူတွေက ဇူချင်ကိုကြည့်နေကြသကဲ့သို့ သူ့ရဲ့ပုံစံက ဇူအင်ပါယာအထွတ်အထိပ်ရောက်ခဲ့စဉ်ကာလတုန်းကလို ဘုရင်တစ်ပါးရဲ့အရှိန်အဝါအငွေ့အသက်တွေကို မြင်နေရသည်ဟုပင် ထင်မိကြရသည်။
"မင်းကြီးဇူချင်..."
"မင်းကြီးဇူချင်..."
လူတိုင်းရဲ့နားစည်ကွဲထွက်သွားစေတော့မတတ် ကျယ်လောင်တဲ့အော်ဟစ်အားပေးသံတွေက မြို့ရိုးအထက်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။
ဇူချင်ရဲ့တောင်ကြီးတစ်လုံးအလား မားမားမတ်မတ်ရပ်တည်နေတဲ့ပုံစံကို ကြည့်လိုက်ရင်း ဇူယွမ်ရဲ့မျက်လုံးထဲမှာ အပျော်တွေစီးဆင်းသွားခဲ့ရသည်။ သူ့အဖေရဲ့နှလုံးသားထဲက အရိပ်ဆိုးကြီးကလွင့်ပါးပျောက်ကွယ်သွားခဲ့ရပြီး သူ့ရဲ့စွမ်းအားတွေတဖြည်းဖြည်းပြန်လည်မြင့်တက်လာရတော့မည်ဖြစ်သည့်အတွက် ဇူယွမ်တစ်ယောက် အမှန်တကယ်ကို ပျော်ရွှင်မိရပေသည်။
"အဖေ... အဖေက ဝူဘုရင်ကို မရှုံးနိမ့်ခဲ့ပါဘူး... အဖေအရာရာတိုင်းကိုပေးဆပ်ပြီး ကာကွယ်ပေးခဲ့ရတဲ့ကလေးက အခုကြီးပြင်းလာခဲ့ရပြီ..."
"ပြန်ဆုတ်ကြ..."
"မြန်မြန်ပြန်ဆုတ်ကြ..."
ဇူအင်ပါယာရဲ့စိတ်ဓာတ်က မိုးထိတိုင်အောင်မြင့်တက်သွားခဲ့ရစဉ်မှာ ချီအိမ်တော်ရဲ့စိတ်ဓာတ်က အလုံးစုံပျက်ပြားသွားခဲ့ရပြီဖြစ်သည်။ ချီယန်တောင်မှပင် သူ့ရဲ့မျက်နှာထက်မှာ ထိတ်လန့်ကြောက်ရွံ့မှုတို့ဖုံးလွှမ်းနေခဲ့ရကာ သူ့ရဲ့စစ်သည်တွေကို အလျင်အမြန်ပြန်ဆုတ်ဖို့ အော်ဟစ်အမိန့်ပေးလိုက်သည်။

YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။