ဇူအင်ပါယာတော်ဝင်နန်းတော်... သင်းပျံ့နန်းဆောင်အတွင်း...
ယောင်ယောင်က ကြေးမုံမှန်တစ်ချပ်အရှေ့မှာ ခပ်မတ်မတ်ထိုင်နေလျက်ရှိပြီး ထန်ထန်က သူမရဲ့ပေါင်ပေါ်မှာ ပျင်းရိစွာလဲလျောင်းနေလျက်ရှိသည်။ သူမရဲ့အနက်ရောင်ဆံကေသာတွေက သူမပခုံးပေါ်သို့ဝဲဖြာကျနေခဲ့ပြီး သူမရဲ့သေးကျဉ်တဲ့ခါးထိတိုင်အောင် ကျဆင်းနေပေသည်။ လွန်စွာစွဲမက်ဖွယ်ကောင်းလောက်အောင်လှပသည့်မျက်နှာလေးက ခံစားချက်ကင်းမဲ့စွာဖြင့်ပင် မှန်ကိုစိုက်ကြည့်နေလျက်ရှိသည်။
ယောင်ယောင်ရဲ့နောက်မှာ ချင်ယုက နူးညံ့သိမ်မွေ့စွာကြည့်လျက် ယောင်ယောင်ရဲ့ရှည်လျားတဲ့ဆံနွယ်လေးတွေကို ကူညီကာဖီးသင်ပေးနေသည်။
ယောင်ယောင်တော်ဝင်နန်းတော်ကို ရောက်ရှိလာခဲ့စဉ်ကတည်းက ချင်ယုကသူမအပေါ်မှာ သမီးတစ်ယောက်ကဲ့သို့ အလွန်ပင်နှစ်သက်မြတ်နိုးရကာ ချစ်ခင်ကြင်နာစွာပြုမူဆက်ဆံခဲ့ပေသည်။
ယောင်ယောင်က အနည်းငယ်အေးတိအေးစက်နိုင်ပေမဲ့လည်း ချင်ယုရဲ့သွေးသားအရင်းအချာကဲ့သို့ ချိုသာနွေးထွေးတဲ့ဆက်ဆံမှုတွေကြောင့် ပို၍နူးညံ့သိမ်မွေ့လာခဲ့ရ၏။ ဒါ့ကြောင့်ပင် သူမတို့နှစ်ယောက်အကြားဆက်ဆံရေးက ပိုပြီးရင်းနှီးလာခဲ့ရသည်။
"အရမ်းကို လှတာပဲ..."
ချင်ယုက ယောင်ယောင်ရဲ့ဆံပင်တွေကို ရိုးရှင်းတဲ့ကျစ်ဆံမြီးပုံစံချည်နှောင်ပေးခဲ့ပြီး ၎င်းကအေးတိအေးစက်နိုင်လှသည့်မိန်းကလေးရဲ့အလှကို ပိုလို့ပင်ထင်ရှားသွားစေခဲ့သည်။ ဒီမြင်ကွင်းက လူတိုင်းကို အသက်ရှူရပ်သွားစေမတတ် လှပလို့နေရပေသည်။
ယောင်ယောင်က ခပ်ဖွဖွပြုံးလိုက်၍ပြောသည်... "ကျေးဇူးတင်ပါတယ် အဒေါ်ချင်..."
ချင်ယုက ပြုံးလိုက်သကဲ့သို့ မိန်းကလေးရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး... "ဒီလောက်ကြီးလည်း မလိုပါဘူးကွယ်... နန်းတော်ထဲမှာနေရတာ ပျင်းနေလို့ရှိရင် ဇူယွမ်နဲ့အတူ အပြင်လေးဘာလေးလမ်းလျှောက်ထွက်ကြပေါ့..."
ယောင်ယောင်က ခေါင်းညိတ်ပြခဲ့လိုက်သည်။
ထိုအခိုက်အတန့်မှာပင် ထန်ထန်က သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး တံခါးဆီသို့ကြည့်ကာ လှမ်းဟောင်လိုက်သည်။ အဲ့ဒီနောက်မှာ ၎င်းက အရှေ့ကိုအနက်ရောင်အလင်းတန်းအလားပြေးထွက်သွားခဲ့ပြီး တံခါးမှဝင်ရောက်လာသူ၏ ဝမ်းဗိုက်ကို လှမ်းရိုက်လိုက်သည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasíaနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။