အနီရောင်ဆေးလုံးက ချီယွဲ့ရဲ့အစာအိမ်ထဲရောက်အောင် ဝါးမြိုခြင်းခံလိုက်ရသကဲ့သို့ ချက်ချင်းဆိုသလို အေးစက်တဲ့ခံစားမှုတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာ ပေါ်ပေါက်လာခဲ့ပြီး သူ့ရဲ့ဦးခေါင်းဆီကို ရောက်ရှိလာခဲ့သည်။
ဒီဆေးလုံးကို စိတ်ဝိညာဉ်တိုးပွားခြင်းဆေးလုံးလို့သိကြပြီး ၎င်းက လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို ယာယီအားဖြင့် တစ်ခဏတာ မြင့်တက်စေနိုင်သည်။ သို့ပေမဲ့လည်း ၎င်းမှာဆိုးကျိုးလည်းရှိပေသည်။ ဒါကို အသုံးပြုပြီးတဲ့နောက်မှာ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အချိန်တစ်ခုကြာအောင် လျော့ကျသွားရပေလိမ့်မည်။
၎င်းက ချီယွဲ့အနေနဲ့ ဒီအချိန်မှာ ဒါတွေကို ဂရုစိုက်မနေအားဘူးဆိုတာ ထင်ရှားလှပေသည်။
သူ့ရဲ့စိတ်ဝိညာဉ်က တိုးပွားလာသကဲ့သို့ ချီယွဲ့ရဲ့မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်မှိန်မှိန်လေးတစ်ခု ထွက်ပေါ်လာခဲ့ကာ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက ချီယွဲ့၏ စိတ်ဝိညာဉ်ပင်ဖြစ်သည်။ ချီယွဲ့ရဲ့စိတ်ဝိညာဉ်က စိတ်ဝိညာဉ်တိုးပွားခြင်းဆေးလုံးရဲ့အကူအညီနဲ့ ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိသွားခဲ့သည်။
သူ့ရဲ့စိတ်ဝိညာဉ်က အခုအချိန်မှာ ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် အစောပိုင်းက သူ့အနေနဲ့သတိမထားမိခဲ့တဲ့အရာတွေကို ချီယွဲ့တစ်ယောက်ချက်ချင်းရှာတွေ့ခဲ့လိုက်သည်။ သူက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာရှိတဲ့ သတ္တုဓာတ်စွမ်းအင်တွေ ဇူယွမ့်ဆီကို အဆက်မပြတ်စီးဝင်နေတာကို ခံစားမိခဲ့လိုက်သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... မင်းက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ အချိန်အကြာကြီးခုခံနေနိုင်တာ မင်းရဲ့စိတ်ဝိညာဉ်ကြောင့်လို့ ငါမထင်ခဲ့လိုက်မိဘူး..." ချီယွဲ့မျက်မှောင်ကျုံ့သွားခဲ့သည်။ သူ့အနေနဲ့ ဇူယွမ်က သူ့ထက်ပိုပြီး အချိန်ကြာမြင့်စွာခုခံနိုင်စွမ်းရှိခဲ့ရတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့လိုက်ပြီဖြစ်သည်။
"ဟမ့်... ငါဒီနေ့အတွက် ကြိုပြီးပြင်ဆင်လာခဲ့မိတာ ကံကောင်းတာပဲ... ဒီလိုသာမဟုတ်ခဲ့ဘူးဆိုရင် ငါက အမှန်တကယ်ကို ရေကန်ထဲမှောက်ကျသွားခဲ့ရလိမ့်မယ်..."
![](https://img.wattpad.com/cover/321043865-288-k970745.jpg)
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasíaနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။