အပိုင်း(၇၆) ချီပင်လယ်ဖွင့်ခြင်း

28 3 0
                                    


မြင့်တက်လာသည့်နေလုံးကြီးအလား ရွှေရောင်အလင်းတွေထွက်ပေါ်လာကာ ချက်ချင်းဆိုသလိုပင်ပျံ့နှံ့သွားခဲ့ပြီး ခရမ်းရောင်အလင်းတွေက လွင့်ပါးပျောက်ကွယ်သွားခဲ့ရသလို ချီပင်လယ်တစ်ခုလုံးကလည်း အခုအချိန်မှာ ရွှေရောင်အလင်းတွေနဲ့ ပြည့်နှက်သွားခဲ့ရသည်။

ထို့ကြောင့်ပင် ချီပင်လယ်ကရွှေရောင်တောက်ပလာခဲ့ပြီး အမှန်တကယ်ပင် လွန်စွာထူးခြားလှသည့် မြင်ကွင်းတစ်ခုပင်ဖြစ်တော့သည်။

"ဒါက... ဒါက ရွှေရောင်ချီပင်လယ်လား..."

ဇူယွမ်တစ်ယောက် တောက်ပလှတဲ့ရွှေရောင်ချီပင်လယ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်မိသည်။ ဒီလိုရလဒ်မျိုးကို သူ့အနေဖြင့် အိပ်မက်ထဲထိပင် ထည့်မက်ဖူးခဲ့ခြင်းမရှိပေ။

သူ့အနေဖြင့် အရင်ကတည်းက ခရမ်းရောင်ချီပင်လယ်အထိသာမျှော်လင့်ထားခဲ့ပြီး စုယုဝေနဲ့အဆင့်တူရောက်ရှိနိုင်ရုံဖြင့်ပင် စိတ်ကျေနပ်မှုရှိလိမ့်မည်ဖြစ်သည်။

သို့ပေမဲ့လည်း ချီပင်လယ်ရဲ့အနက်ရှိုင်းဆုံးနေရာကနေထွက်ပေါ်လာခဲ့သည့် မူလချီအရင်းအမြစ်တွေက သူ့ရဲ့ချီပင်လယ်ကို နောက်တစ်ဆင့်မြင့်တက်သွားစေလိမ့်မည်လို့ ထင်မှတ်မထားမိခဲ့ပေ။

ဇူယွမ်ရဲ့နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေ စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်သွားခဲ့ရသည်။ ချီပင်လယ်တစ်ခုရဲ့အဆင့်က လူတစ်ယောက်ရဲ့စွမ်းရည်ကို တိုးတက်လာစေနိုင်ရုံသာမက မူလချီတွေရဲ့စွမ်းရည်ကိုပါ မြင့်တက်စေနိုင်ပေသည်။

ရွှေရောင်ချီပင်လယ်ပိုင်ဆိုင်ထားသည့်လူတစ်ယောက်က အဆင့် ၂မူလချီကိုသာ လေ့ကျင့်ထားရင်တောင်မှ သူ့ရဲ့စွမ်းအားက စိမ်းပြာရောင်ချီပင်လယ်ပိုင်ဆိုင်ပြီး အဆင့် ၃မူလချီကိုလေ့ကျင့်ထားသည့် လူတစ်ယောက်ထက် ပို၍သာလွန်ပေသည်။

ဇူယွမ်အံ့အားသင့်စွာဖြင့်ပင် တီးတိုးရေရွတ်လိုက်မိသည်... "ငါ့အနေနဲ့ ရွှေရောင်ချီပင်လယ်ကို ဖွင့်နိုင်လိမ့်မယ်လို့ ထင်မထားမိဘူး..."

ရွှေရောင်အလင်းတွေက ချီပင်လယ်အတွင်းမှာ လှည့်လည်သွားလာနေလျက်ရှိသည်။ ၎င်းရဲ့အလင်းရောင်အောက်မှာ စီးဆင်းနေတဲ့မူလချီတွေက ပို၍သိပ်သည်းကျစ်လစ်လာခဲ့ရသလို ပို၍လည်းစွမ်းအားပြည့်ဝလာခဲ့ရ၏။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now