၉၄

30 2 0
                                    

နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၇)

အပိုင်း(၉၄) ချီအိမ်တော်၏ပုန်ကန်မှု

ဇူယွမ်တို့သုံးယောက် မြေအောက်နန်းတော်အတွင်းမှ ထွက်ခွာလာပြီးနောက်မှာ ရှေးဟောင်းနယ်မြေအပြင်ဘက်ရှိ ဝေကန်းလန်တို့လူစုနဲ့ တွေ့ဆုံမိခဲ့ကြသည်။

ဇူယွမ်တို့သုံးယောက် ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာသည်ကိုမြင်လိုက်ရမှသာ ဝေကန်းလန်၊ လုတိန်ရှန်းနဲ့ ကျန်တဲ့လူတွေအားလုံး သက်ပြင်းကိုယ်စီချလိုက်မိကြသည်။ အဆိပ်ဘုရင်တစ်ယောက်သာ အနည်းငယ်ကံမကောင်းသွားသလို ခံစားခဲ့လိုက်ရပေမဲ့ သူ့ရဲ့ခံစားချက်အစစ်အမှန်ကိုတော့ ထုတ်ပြရဲခြင်းမရှိခဲ့ပေ။

"အဆိပ်ဘုရင်... ခင်ဗျားက အဆိပ်ရေအိုင်အတွင်းမှာ လွှမ်းမိုးနိုင်စွမ်းအချို့ရှိတယ်မလား..." ဇူယွမ်ကပြုံးလျက် မျက်နှာထက်မှာရိုသေလေးစားမှုတွေပြည့်နှက်နေသည့် အဆိပ်ဘုရင်ကို စိုက်ကြည့်လိုက်မိသည်။ အဆိပ်ဘုရင်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့စရိုက်ရှိသည့်အတွက် သူ့လက်အောက်မှာ အညံ့ခံခြင်းက သူ့ရဲ့စိတ်ရင်းအမှန်နဲ့အညံ့ခံခဲ့တာမဟုတ်ဘူးဆိုသည်ကို ဇူယွမ်သတိထားခဲ့မိပေမဲ့ ဒါကိုသူ့စိတ်ထဲမှာမထားခဲ့ပေ။ သူ့ရဲ့လက်ထဲမှာ စိတ်ဝိညာဉ်သော့ခတ်ခြင်းမိခင်မှော်စာလုံးရှိနေသည့်အတွက် အဆိပ်ဘုရင်က ဘာတစ်ခုမှလုပ်နိုင်လိမ့်မည်မဟုတ်ပေ။

အဆိပ်ဘုရင်က အလျင်အမြန်ပင်ပြန်တုန့်ပြန်လိုက်သည်... "မင်းသားလေးက ငါ့ကိုဘာများလုပ်စေချင်တာလဲ... အဆိပ်ရေအိုင်အတွင်းမှာ ငါ့ရဲ့ဩဇာအာဏာကို စိန်ခေါ်ရဲတာ လူနည်းနည်းပဲရှိတယ်..."

ဇူယွမ်ကရယ်မောကာပြောလိုက်သည်... "ဒီလိုဆိုမှတော့ အစောပိုင်းတုန်းကတောင်ကြားထဲကို လူအချို့စေလွှတ်ပြီးတော့ ဘယ်သူမှမဝင်လာစေအောင် စောင့်ကြပ်ထားခိုင်းလိုက်..."

ချိုင့်ဝှမ်းအတွင်းမှာရှိတဲ့ မြေအောက်နန်းတော်အတွင်းမှာ များစွာသောတိုက်ပွဲဂိုလမ်တွေရှိနေပေသည်။ ဒါကတကယ့်ကို ကြောက်မက်ဖွယ်ရာအင်အားတစ်ခုဖြစ်သည်။ မူလမှော်စာလုံးနယ်နိမိတ်က ကျူးကျော်လာသူတွေကို တားဆီးထားပေမဲ့လည်း ဇူယွမ်က ပိုပြီးစိတ်ချရအောင် လူအချို့ကိုစေလွှတ်ကာ စောင့်ကြပ်စေလိုပေသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now