၈၃

33 2 0
                                    

နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၆)

အပိုင်း(၈၃) ယှဉ်ပြိုင်ပွဲ

လူတိုင်းက ဖုန်မှုန့်တွေထဲကနေလျှောက်လှမ်းထွက်လာသည့် ထူးဆန်းတဲ့မှော်သားရဲကို အံ့ဩတကြီးစိုက်ကြည့်နေခဲ့ကြသည်။ ဇူယွမ်ကိုယ်တိုင်တောင်မှပင် အံ့ဩလွန်း၍စကားမပြောနိုင်အောင်ဖြစ်သွားခဲ့ရသည်။

စုယုဝေက သူမရဲ့ပါးစပ်လေးကို လက်တစ်ဖက်နဲ့ဖုံးအုပ်လိုက်မိရင်းမှ မယုံကြည်နိုင်စွာမေးလိုက်သည်... "ဒါက... ဒါက ထန်ထန်လား..."

ဇူယွမ်က အချိန်အတော်ကြာအောင် တုန့်ဆိုင်းနေခဲ့ရပြီးမှ ခေါင်းညိတ်ပြလိုက်သည်... "အမှန်ပဲ..."

အမြဲတမ်းပျင်းရိကာ အစားသောင်းကျန်းလှသည့်ထန်ထန်က ဒီလိုမျိုးထူးခြားဆန်းကြယ်ပြီး ရက်စက်ကြမ်းကြုတ်လှသည့်မှော်သားရဲတစ်ကောင်ဖြစ်တယ်ဆိုတာကို သူ့အနေနဲ့အနည်းငယ်မယုံကြည်နိုင်မိပေမဲ့လည်း သူတို့ရဲ့မျက်လုံးရှေ့က ဒီကြောက်မက်ဖွယ်ကောင်းလှသည့်မှော်သားရဲက အမှန်တကယ်ပင်ထန်ထန်ဖြစ်ကြောင်းကို သူ့ရဲ့မသိစိတ်ထဲမှာ သိနေရပေသည်။

ဝေချင်းချင်းကလည်း အံ့အားသင့်တုန်လှုပ်စွာပင် ရေရွတ်လိုက်မိသည်... "ဒီမူလမှော်သားရဲကလည်း မူလစဦးအဆင့်ခွန်အားကို ပိုင်ဆိုင်ထားတာပဲ..."

"ထန်ထန်က ကလေးပဲရှိသေးတယ်..." ယောင်ယောင်က ခပ်ဖွဖွပြုံးကာပြောလိုက်သည်။

သူမရဲ့စကားက လူတိုင်းကိုနောက်တစ်ကြိမ် အံ့အားသင့်သွားစေခဲ့ရပြန်သည်။ ဝေချင်းချင်းရဲ့နီထွေးထွေးနှုတ်ခမ်းထောင့်စွန်းလေးက လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ရသလို သူမရဲ့နှလုံးခုန်နှုန်းကလည်း မြန်ဆန်သွားခဲ့ရသည်။ မူလစဦးအဆင့်ခွန်အားကို ပိုင်ဆိုင်ထားတာတောင် ကလေးအရွယ်ပဲရှိသေးတယ်လား။

ဒီကြောက်စရာကောင်းတဲ့မူလမှော်သားရဲက ဘာအမျိုးအစားဖြစ်နိုင်လိမ့်မလဲ။

ထန်ထန်သာ အရွယ်ရောက်လာခဲ့မယ်ဆိုရင် ဘယ်လောက်ထိတောင် ကြောက်စရာကောင်းလိုက်လိမ့်မည်နည်း။

ဇူယွမ်တစ်ယောက် တံတွေးကိုသာမျိုချလိုက်မိသည်။ သူ့အနေဖြင့် ထန်ထန်နဲ့အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသည့်အတွက် ၎င်းကသာမန်မဟုတ်ဘူးဆိုတာကို သိထားပေမဲ့လည်း အကောင်ပေါက်အရွယ်မှာပင် မူလစဦးအဆင့်ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူ့ရဲ့အိပ်မက်ထဲမှာတောင် ထင်မထားမိခဲ့ပေ။ ဒါကတကယ်ကို ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now