အပိုင်း(၄၇) ထူးဆန်းသောအဖြစ်အပျက်

29 5 0
                                        

စည်သံက ကွင်းပြင်ထဲကို ဖြတ်၍ထွက်ပေါ်လာသကဲ့သို့ ကွင်းပြင်ပတ်ပတ်လည်မှ စိတ်လှုပ်ရှားမှုတွေက ရုတ်ချည်းတစ်ဟုန်ထိုးမြင့်တက်သွားခဲ့ရသည်။

ချူထျန်းယန်၏ပုံရိပ်က ကွင်းပြင်ရဲ့အလယ်ဗဟိုမှာ ထွက်ပေါ်လာခဲ့သလို သူ့ရဲ့စွမ်းအားပြည့်ဝတဲ့အသံက လူတိုင်း၏နားထဲကို ဝင်ရောက်လာခဲ့သည်... "အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရဲ့စည်းမျဉ်းတွေက အရင်နှစ်တွေကနဲ့အတူတူပဲ... အတန်းအားလုံးက ပြိုင်ပွဲဝင်မယ့်လူလေးယောက်စီရွေးချယ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လွတ်လွတ်လပ်လပ် စိန်ခေါ်တိုက်ခိုက်လို့ရတယ်... အတန်းတစ်တန်းရဲ့ ပြိုင်ပွဲဝင်လေးယောက်စလုံးကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အနိုင်ရတဲ့အတန်းက သူတို့ရဲ့လက်ရှိနေရာကို အစားထိုးဝင်ရောက်နိုင်လိမ့်မယ်..."

"သက်ဆိုင်ရာအတန်းတွေရဲ့ပြိုင်ပွဲဝင်တွေက ကိုယ့်သက်ဆိုင်ရာစင်မြင့်အလိုက် တက်လာခဲ့ကြ..."

ချူထျန်းယန်ရဲ့စကားသံပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အတန်းတစ်ခုစီမှ ပြိုင်ပွဲဝင်မည့်လူလေးယောက်စီက ရှေ့ကိုထွက်လာခဲ့ကြသည်။ ၎င်းတို့အားလုံးစင်မြင့်ပေါ် တက်ရောက်လာခဲ့တာကို မြင်လိုက်ရသည့်နောက်မှာ ကွင်းပြင်တစ်ခုလုံး အားပေးသံတွေ ဆူညံစွာထွက်ပေါ်လာခဲ့ရသည်။

ပါရမီရှင်အတန်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့်လူလေးယောက်ကို အစောကြီးကတည်းက ရွေးချယ်ထားပြီးဖြစ်၏။ သူတို့တွေက ဇူယွမ်၊ စုယုဝေ၊ ယန်ဇန်းနဲ့ ဆောင်ချူရွှီတို့ပင် ဖြစ်သည်။

"မင်းတို့တွေ ဒါကိုလုပ်နိုင်ပါတယ်..." များစွာသောပါရမီရှင်အတန်းကျောင်းသားတွေက ကျယ်လောင်စွာအော်ဟစ်အားပေးလိုက်ကြသည်။

ဇူယွမ်တို့လေးယောက်သား တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အချင်းချင်းခေါင်းညိတ်ပြလိုက်ကာ ဒုတိယအမြင့်ဆုံးစင်မြင့်ပေါ်ကို တက်သွားလိုက်ကြသည်။ အမြင့်ဆုံးစင်မြင့်ပေါ်မှာတော့ ချီယွဲ့နှင့် ဒုတိယအတန်းမှ ပြိုင်ပွဲဝင်မည့်အခြားလူသုံးယောက်ရှိနေ၏။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now