200: Vol 15: 12

3.3K 662 2
                                    

Unicode

ပုံရိပ်ရဲ့လက်က သူ့လည်ပင်းကို ဖြတ်ပြသလို သူ့လည်ပင်းကလည်း တကယ်ပဲ ပြတ်သွားလေတယ်။

သူ့လည်ပင်းဟာ ဘာမှန်းမသိရတဲ့တစ်စုံတစ်ခုကြောင့် ပြတ်သွားပြီး များပြားလှတဲ့သွေးတွေဟာ ဒါဏ်ရာကနေထွက်လာတယ်။ အဆုံးမှာတော့ သူ့ခေါင်းတစ်ခုလုံး အနောက်ကို လန်ကျသွားတယ်။ ခေါင်းက လေထဲမှာ လှုပ်ခါယမ်းနေပြီး လည်ပင်းနဲ့ချိတ်ဆက်ထားတဲ့ အသားစသေးသေးလေးသာ ကျန်ရစ်နေတယ်။

ထူးဆန်းတာက သွေးတွေဟာ သူ့ရှေ့က မြေပြင်ပေါ်ကို ပန်းမထွက်လာပါဘူး။ အဲ့အစား သွေးတွေဟာ အင်္ကျီထဲ စုပ်ဝင်သွားတယ်။ လူတိုင်းရဲ့မျက်လုံးထဲမှာ ပုံရိပ်က ဖြေးဖြေးချင်း လှည့်လိုက်တယ်။ သူ့ခေါင်းက အနောက်မှာ ချိတ်ဆွဲနေပြီး မျက်လုံးတွေက ကူးပြောင်းဝင်ရောက်သူတွေကို စိုက်ကြည့်နေတယ်။

ရှောင်လီက လမ်းတစ်ဖက်ခြမ်းကိုသွားဖို့ ခြေလှမ်းလှမ်းလိုက်ချိန်မှာပဲ ပုံရိပ်က သူရောက်လာတုန်းကလိုပဲ ရုတ်တရက် ပျောက်ကွယ်သွားလေတယ်။

ရွှီကျားဟန်က သာမန် ကျောင်းသားလေးတစ်ယောက်ပဲ ဖြစ်ပေမယ့် အခုတော့ ရုတ်တရက် သရဲဖြစ်ရပ်တွေထဲ ပါဝင်လာရတယ်။ သွေးတွေကိုမြင်ပြီး သူ့မျက်နှာက ဖြူဖျော့လာတယ်။ သူ့ရင်ဘက်က နိမ့်ချည်မြင့်ချည်နဲ့ ကူးပြောင်းဝင်ရောက်သူတွေဘက် လှည့်ပြီးမေးလိုက်တယ်။
"သူ...ဒါဏ်ရာတွေက ပိုတိုးလာတယ်။ အဲ့ဒါ အရိပ်လက္ခဏာလား?"

တခြားလူတွေက တစ်ခဏလောက် တိတ်ဆိတ်နေတယ်။ ဝမ်ဟွိုင်နှင့်ရှောင်လီက ပုံရိပ်ပျောက်သွားတဲ့နေရာကိုကြည့်နေချိန်မှာ ကျန်တဲ့ကူးပြောင်းဝင်ရောက်သူတွေက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြတယ်။

ဝမ်ဝမ်ဝမ်က အရင်ဆုံးတုန့်ပြန်တယ်။
"ဟုတ်လောက်မယ်"

သူက ပိုပြီးအရေးကြီးတဲ့အကြောင်းကို စဉ်းစားနေတာကြောင့် သူ့အဖြေက အနည်းငယ်ဝတ်ကျေတမ်းကျေဖြစ်နေတယ်။

"ကျွန်တော်... ကျွန်တော် ဘာလုပ်သင့်လဲ?"
ရွှီကျားဟန်ဟာ သူ့ရဲ့လေသံပေါ် အာရုံစိုက်မိခြင်း မရှိပါဘူး။ သူက သူ့စိတ်ထဲက အကြောက်တရားကို ထုတ်ဖော်ချင်ရုံပါပဲ။
"ကျွန်တော် အိမ်မပြန်ချင်ဘူး။ ကျွန်တော့်အမေကို ကြောက်တယ်။ အမေက အရမ်းထူးဆန်းလာတယ်။ သူမက ခုနတုန်းကသရဲဆီက ကူးစက်ခံထားရပုံ ပေါ်တယ်"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now