223

4.8K 685 15
                                        

Unicode

ရှောင်လီက ခက်ခဲရှုပ်ထွေးတဲ့စိတ်အခြေအနေထဲ ရောက်သွားတယ်။ သူက ကျွေ့ထျန်းပေါ်လာအောင် ချော့မော့ပြီးတဲ့နောက် လိမ်ပြောဖို့ကို မရည်ရွယ်ပါဘူး။ အဲ့ဒါကြောင့် သူ ရေးလိုက်တယ်။
[လိမ်ပြောတာ]

ကျွေ့ထျန်း : "......"

ကျွေ့ထျန်း : [အဲ့လိုကောင်းတဲ့အရာတွေက ငါ့ဆီမှာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်။]

အဲ့ဒါက အရမ်းကို ဝမ်းနည်းစရာကောင်းပါတယ်။ ဒီချာတိတ်လေးဟာ။

ဖူကျိကဲက သူ့ထပ်စာရင် ပိုပြီးတော့ ဘွင်းဘွင်းရှင်းရှင်းရှိတာကလွဲလို့ ကျွေ့ထျန်းရဲ့သူရဲဘောကြောင်တဲ့သဘာဝဟာ ဖူကျိကဲနဲ့တူတူပါပဲ။ ဖူကျိကဲက ရိုးရှင်းပြီး မဝံ့မရဲကြောက်တတ်ပေမယ့် ကျွေ့ထျန်းကတော့ အိမ်တွင်းပုန်းနေရတာကိုပဲ ကြိုက်တာ ဖြစ်တယ်။ သူက သန်မာတဲ့စွမ်းအားကိုရတာတောင်မှ အဆောက်အဦးတစ်ခုလုံးကိုမဟုတ်ပဲ သူနေတဲ့အိမ်ထဲကိုပဲ အကျိုးသက်ရောက်စေတယ်။

သို့သော်လည်း ဒါကိုစဉ်းစားကြည့်ရင် အနည်းငယ်နာကျည်းစိတ်ရှိတဲ့ သရဲတစ်ကောင်ဟာ ရန်လိုတယ်ဆိုရင် အဲ့ဒီဧရိယာမှာရှိတဲ့လူသားတွေကိုတိုက်ခိုက်ပြီး ကူးပြောင်းဝင်ရောက်သူတွေရဲ့အာရုံစိုက်မှုကို ဆွဲဆောင်မိလိမ့်မယ်။

ရှောင်လီ : [မင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ သိလား?]

ကျွေ့ထျန်း : [ငါ...ငါမှတ်မိတယ်။ မင်းဘယ်သူလဲဆိုတာ ငါသိတယ်။ သူတို့က မင်းကို ရှားလော့လို့ ခေါ်ကြတယ်။]

ရှောင်လီ : [မင်းလည်း ငါ့ကို အဲ့လိုခေါ်လို့ရတယ်။]

ကျွေ့ထျန်းက စကားပြောနေတာကို ရပ်လိုက်တယ်။

ရှောင်လီ : [မင်းရဲ့စွမ်းအားက အဲ့ဒီအပိုင်းအစကနေ လာတာပဲ။ ဒါပေမယ့် အဲ့အခန်းထဲမှာတုန်းက မင်း update တဲ့ဝတ္ထုထဲမှာ သင်္ကေတတစ်ခုပါတယ်။ အဲ့ဒါ မင်းရဲ့ ကိုယ်ပိုင်ဖန်တီးမှုလား?]

သူ့ရှေ့က စာရွက်မှာ သူက ထူးဆန်းတဲ့သင်္ကေတကို ဆွဲပြလိုက်တယ်။ အဲ့ဒါက ဖူကျိကဲရဲ့အဖြစ်အပျက်မှာတုန်းက ပေါ်လာတဲ့သင်္ကေတနဲ့ အတိအကျတူညီတယ်။ ကျွေ့ထျန်းက ဆက်ပြီး တိတ်ဆိတ်နေတယ်။ ရှောင်လီက အကြိမ်အနည်းငယ်ပိုပြီးကြိုးစားပေမယ့် စာရေးဆရာကို ခေါ်ထုတ်လို့မရတော့ပါဘူး။ သူက ခဏလောက်စဉ်းစားလိုက်ပြီးနောက် သူ့လက်ကိုမြှောက်ကာ TV နောက်မှာထိုးထည့်ထားတဲ့ မိုက်ခရိုဖုန်းကို ခေါ်ထုတ်လိုက်တယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now