232: Vol 16: 9

2.7K 521 9
                                    

Unicode

ကံကောင်းစွာနဲ့ မီးပိတ်တဲ့အချိန်က လူသားတွေရဲ့ဆန္ဒလို ဘယ်တော့မှ မပြောင်းလဲပါဘူး။ အမှောင်ထုက ကြီးစိုးလာပြီး ကျန်ရှိနေသေးတဲ့အလင်းရောင်ကချက်ချင်းပဲ ဝါးမြိုခံလိုက်ရတယ်။ အနက်ရောင်အရိပ်က သူ့ဆီရောက်လာပြီး ကြားမဖြတ်ခင် ရုတ်တရက်ခံစားချက်တွေက ငါးမိနစ်ထပ်မနည်း ရှည်ကြာသွားတယ်။

ထောင်စောင့်ရဲ့ခြေသံက တည်ငြိမ်တယ်။ '၎င်း'က ဒီနေရာကို ကင်းလှည့်ပြီး ရှောင်လီ့ကို လှည့်ကြည့်လာတယ်။ ရှောင်လီက '၎င်း'ကို လုံးဝမော့မကြည့်ပါဘူး။ သူ့နဂိုအနေအထားအတိုင်းဆက်နေ,နေပြီး '၎င်း'ကို လုံးဝမကြည့်ပေ။ သူက ခြေသံတွေရပ်တန့်သွားတော့ ဝေဝေဝါးဝါးခံစားနေရသော်လည်း အိပ်ငိုက်နေဆဲ ဖြစ်တယ်။

အိပ်ချင်မူးတူးဖြစ်တာက အရမ်းကိုပြင်းထန်လွန်းတာကြောင့် သူရုန်းကန်မနေပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်။ မအိပ်ခင် ရှောင်လီက ထောင်မှုးကို အပြင်ခေါ်ထုတ်သွားနိုင်ရင် အိပ်မပျော်တဲ့ရောဂါခံစားနေရသူတွေအတွက် သမ္မာကျမ်းစာအုပ်ထဲက တရားဟောသူတစ်ယောက်ဖြစ်လာနိုင်တယ်လို့ တွေးလိုက်မိသေးတယ်။

***

"ပုံတူကမ္ဘာထဲမှာ ငါ အတော်လေး အိပ်ကောင်းပေမယ့် တခြားစေ့ဆော်မှုတစ်ခုက ငါ့ကို နှိပ်စက်နေတယ်"

ရယ်ကျယ်ချင်းက ခရမ်းချဉ်သီးကြက်ဥမွှေကြော်ကို တူနဲ့ တို့ကနန်းဆိတ်ကနန်းလုပ်နေတယ်။ တခြားကူးပြောင်းဝင်ရောက်သူတွေဖြစ်နေတဲ့ နုံးချည့်နေတာနဲ့စာရင် သူကစိတ်ပိုင်းဆိုင်ရာအရပိုအဆင်ပြေနေသေးပေမယ့် ပြင်းပြင်းထန်ထန်အသက်ရှုနေတယ်။

ဒီမနက် သူနိုးလာတဲ့အချိန်မှာ ပြေးချင်စိတ်ကို ထိန်းမထားနိုင်ဖြစ်နေခဲ့တယ်။ သူ အခန်းပြင်ပြေးထွက်သွားပြီး ကူးပြောင်းဝင်ရောက်သူတွေရှိနေတဲ့အလွှာကနေ အောက်ထပ်ကို ပြေးဆင်းသွားတယ်။ ပြီးတော့ ပြန်ပြေးလာပြီး ထပ်ခါထပ်ခါ အဲ့လိုပြေးနေခဲ့တယ်။ မာရသွန်တစ်ခုလုံးပြေးပြီးနောက် ဒီပြေးချင်စိတ်ကို သူရပ်တန့်နိုင်တဲ့အတိုင်းအတာအတွင်းမှာ ထိန်းချုပ်ထားပုံရတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now