247: Vol 17: 4

3.7K 576 2
                                        

Unicode

အဓိပ္ပါယ်က နည်းနည်းမှားနေသလိုပဲ။

ရှောင်လီက သူ့စကားတွေကို ဘယ်လိုပြုပြင်ရမလဲဆိုတာကို စဉ်းစားလိုက်တယ်။ သူက စကားကို ဖြည်းညှင်းစွာ ပြန်ပြင်ပြောလိုက်တယ်။
"...ငါ ဒီမှာ မင်းတို့ကို နှောင့်ယှက်ဖို့ရောက်လာတာ မဟုတ်ပါဘူး။ ငါ မင်းတို့နဲ့ ပူးပေါင်းမလို့ပါ"

သူက တခြားလူတွေကို သူ့စကားတွေက ဖြောင့်မတ်မှန်ကန်ပြီး ခိုင်မာတဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။

လူငယ်ရဲ့ဆန့်ကျင်ဘက်မှာရပ်နေတဲ့လူစိမ်းက ဒီစကားကိုကြားတော့ သူ့မျက်နှာက မဲမှောင်သွားတယ်။ သူက ရုတ်တရက်ပေါ်လာတဲ့လူရဲ့မျက်နှာကိုစိုက်ကြည့်ရင်း သူ့စိတ်ထဲမှာ မရေမတွက်နိုင်တဲ့အတွေးတွေ ဆက်တိုက်ဝင်လာတယ်။ သူက ဒီလူရဲ့ ID ကို မသိသလို အဲ့ဒီလူ ဘာတွေကြားသွားလဲဆိုတာ မသိဘူး။ ဒါပေမယ့် သူ့ရှေ့က ဒီဆံပင်အနက်ရောင်နဲ့လူငယ်လေးက ထူးဆန်းတာတော့ သူ သိတယ်။ သက်သေကတော့ သူနဲ့အတူသယ်လာတဲ့ သရဲလေးတွေဆီကနေ သတိပေးချက် ထွက်မလာတာကြောင့်ပဲ။

ဒါ သူတို့ဘက်ကလူတော့ မဖြစ်နိုင်ဘူး... သူက ဝမ်ဟွိုင်ခေါ်လာတဲ့ တစ်ယောက်ပဲ ဖြစ်ရမယ်။ သူ့ရှေ့ကလူရဲ့ခွန်အားကို တိတ်တဆိတ်အကဲဖြတ်နေရင်း စကားပြောတော့မယ့်အချိန်မှာ သူ့ဘေးက ဆန်းချီလင်က စကားပြောလိုက်တယ်။
"ဖြစ်နိုင်တာက မင်းဟာ... ရှားလော့လား?"

မနေ့ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် ဆန်းမိသားစုဟာ ကို့ရို့ကားယားအခြေအနေနဲ့ ကြုံတွေ့နေရတယ်။ အဲ့လိုဆိုရင်တောင်မှ သူတို့ဟာ သူများထပ် သာလွန်တဲ့လူတွေ ဖြစ်နေပါသေးတယ်။ ဘယ်သူမှ ဒီနေရာကို လာလို့ မရနိုင်ဘူး။ ဒါကို တွေးပြီးတော့ သူ့ရှေ့ကလူရဲ့စတိုင်ကို အကြည့်တစ်ချက်နဲ့တင် မြင်နိုင်ပါတယ်။ သူက ဝမ်ဟွိုင်သွားကြိုမယ်လို့ ပြောခဲ့တဲ့ 'ရှားလော့'နဲ့ အတော်လေးတူပါတယ်။

ဖိုရမ်က စာကြောင်းတစ်ကြောင်းထဲနဲ့ နိဂုံးချုပ်ရရင် : လူတွေကို မကျေမနပ်ဖြစ်စေတဲ့ ဆန့်ကျင်ဘက်အပြုအမူကို ပြသနေစဉ်မှာပဲ အရမ်းကို လှပတဲ့ပုံသဏ္ဍာန်နဲ့ ဖြစ်တယ်။ ချစ်စရာကောင်းတဲ့စရိုက်နဲ့ ဆန့်ကျင်ဘက်စရိုက်မျိုး တစ်ပြိုက်နက်တည်း ရှိလေတယ်။ သို့သော်လည်း ဒါကို ကြားရုံနဲ့တင် မြင်တာက ပိုကောင်းတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now