Unicode
သူတို့က တားမြစ်ချက်ကိုချိုးဖောက်ပြီးသားကြောင့်ဖြစ်နိုင်တယ်။ ရုပ်ရှင်ရုံထဲမှာ ကူးပြောင်းဝင်ရောက်သူတွေဟာ ဘာအဟန့်အတားမှ မကြုံတွေ့ခဲ့ပါဘူး။ သူတို့တွေက အချိန်တိုလုံခြုံတဲ့အချိန် ရရှိနေတုန်းပဲ။
အိမ်ငယ်လေးကိုပြန်တဲ့လမ်းမှာ ဝမ်ဝမ်ဝမ်က သူ့ရှေ့မှာရှိတဲ့အဆောက်အဦးကိုကြည့်ပြီး ရုတ်တရက်ပြောလိုက်တယ်။
"ရုပ်ရှင်အသစ်က အခုထွက်လာတယ်။ ရုပ်ရှင်နောက်ကွယ်က ဇာတ်ကောင်မင်းသားက ငါတို့အပြင်လူတွေက တစ်စုထဲပဲလို့ အရိပ်အမြွက်ပေးတယ်လို့ ငါခံစားနေရတယ်။ ဟဲထျန်းသေသွားပြီဆိုတော့ ငါတို့လည်း သေရတော့မှာပေါ့"
သူကပြောနေရင်းနဲ့ သိပ်တော့ကြောက်မနေပါဘူး။ စီနီယာတစ်ယောက်အနေနဲ့ သရဲတွေက သားကောင်ကို အရင်ဆုံးခြောက်လှန်တတ်တယ်ဆိုတာကို ဝမ်ဝမ်ဝမ်ဟာ သူ့စိတ်ထဲကနေ သိနေပြီးသားပါပဲ။ ၎င်းက နောက်ဆုံး သားကောင်ကို သတ်တဲ့အချိန်ထိ အကြောက်တရားတွေကို လုံးဝညှစ်ထုတ်နေဦးမှာပါပဲ။ အဲ့ဒါကြောင့် အကြောက်တရားက အသက်ရှင်သန်ဖို့အတွက် ဆူးညောင့်ခလုတ်ပဲ။ သူ့ရဲ့များစွာသော ပုံတူကမ္ဘာတွေမှာ အဲ့ဒါနဲ့ ကျင့်သားရနေပါပြီ။ သူက အရင်ဆုံးတွေးပြီး နောက်တော့မှ အကြောက်တရားကို ခံစားပါတယ်။
ကျင်းဟန်တုန်က ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာတယ်။
"အခုရုပ်ရှင်ထဲမှာ မြို့က နံရံအမြင့်ကြီးတွေကာရံထားပြီး မြို့ထဲကထွက်သွားဖို့ကို တားမြစ်ထားတယ်။ ရုပ်ရှင်တစ်ခုလုံးရဲ့ရှုထောင့်ကနေ ထန်လို့ခေါ်တဲ့ ဇာတ်လိုက်က သူ့မိဘတွေကို တမင်တကာ အသက်ပြန်သွင်းထားတာပဲ။ သူက မြို့အပြင်နံရံကို ချိုးဖောက်ထားပြီး သူ့အပေါင်းအသင်းတွေကို အပြင်ထွက်ပြီးသေအောင် ထောင်ချောက်ဆင်ခဲ့တယ်။ နောက်ဆုံးမှာ သူ့အပေါင်းအသင်းတွေက သေဆုံးပြီးနောက် သရဲအဖြစ် ပြန်လည်ရောက်ရှိလာပြီး သူ့ကိုဖိအားပေး ခေါ်ဆောင်သွားခဲ့တယ်"
"ငါ သိပ်နားမလည်တဲ့အရာက ဇာတ်လိုက်ရဲ့ သူ့မိဘတွေကို ပြန်အသက်သွင်းတဲ့ တိကျနဲ့နည်းလမ်းကိုပဲ။ စတိုင်လန်းထဲက အသက်ရှင်သန်မယ့် လျှို့ဝှက်လမ်းက ဘာကြီးလဲ?"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Ужасыငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
