216

5K 789 32
                                        

Unicode

ရှောင်လီက စာကို ချက်ချင်းမပြန်ခဲ့ပါဘူး။ သူ့ဖုန်းကို အိတ်ကပ်ထဲထည့်ပြီး ဝမ်ဟွိုင်ကို ငြင်းလိုက်တယ်။
"ဟင့်အင်း။ ငါလာတုန်းက လမ်းမှာ တိရစ္ဆာန်ဆေးရုံတွေ့ခဲ့တယ်။ မင်း အရင်ပြန်နှင့်လို့ရတယ်"

ဝမ်ဟွိုင်က အတင်းအကြပ်မတိုက်တွန်းပါဘူး။
"ကောင်းပြီလေ... ငါသွားတော့မယ်"

ရှောင်လီ့ဖုန်းက အဆက်မပြတ်တုန်ခါနေတုန်းပါပဲ။ သူက ရှောင်လီ့ကို နှုတ်ဆက်စကားပြောပြီးတော့ အစားအသောက်လမ်းကြား ဘယ်ဘက်ကိုထွက်သွားပြီး လမ်းဆုံးကနေ ပျောက်သွားတယ်။ ရှောင်လီက ဆေးရုံပိတ်မယ့်အချိန်ကိုတွက်ချက်ပြီး ကြေင်ဖြူလေးကို ဆေးရုံဆီ အချိန်မီ အမြန်ခေါ်သွားလိုက်နိုင်တယ်။ ဓါတ်မှန်ရိုက်ပြီးတော့ ဆေးရုံမှာတင်ထားခဲ့တယ်။

အားလုံးပြီးတော့ သူ့အိမ်ကိုပြန်ဖို့ နောက်ဆုံးဘတ်စ်ကားက ရောက်နှင့်နေပါပြီ။

ကြောင်နက်လေးက သူနဲ့လမ်းတစ်လျှောက်လုံး လိုက်လာတယ်။ သူက ကြောင်ဖြူလေးနဲ့ လှုံ့ဆော်ခံလိုက်ရလို့ ဖြစ်နိုင်တယ်။ အဝါရောင်စာအုပ်လေးထဲ ပြန်ဝင်ဖို့ကို ငြင်းဆန်နေပါတယ်။ သူ့လက်ဖဝါးလေးတွေနဲ့ အတင်းအကြပ်လမ်းလိုက်လျှောက်ပြီး သူတို့ ဘတ်စ်ကားပေါ်တတ်တော့ ကောင်လေးရဲ့အင်္ကျီအောက်ထဲ ဝင်ပုန်းနေပါတယ်။ ဘတ်စ်ကားပေါ်ကဆင်းလာတော့လည်း သူက အတင်းလမ်းလျှောက်နေဆဲဖြစ်ပြီး သူအိမ်ရောက်တော့ ကုတ်ဖဲ့တဲ့ဘုတ်ပြားပေါ် ပြိုလဲကျသွားပြီး သူ့ပန်းရောင်လျှာလေးက အပြင်ထွက်နေတယ်။

ဒါကိုကြည့်ရင်း ရှောင်လီက သူ့ကို ရှားရှားပါးပါးစကားပြောရင်း နှစ်သိမ့်ပေးလိုက်တယ်။
"မင်းက ဝနေပြီးသားဆိုတော့ ပိုပြီးတော့ပဲ ဝလာလိုက်ပါတော့"

ကြောင်လေးက ဝိဥာဉ်စုဆောင်းရွာမှာတုန်းကလို ပိန်ပိန်ညောင်ညောင်လေးမဟုတ်တော့ပါဘူး။ ကြောက်နက်လးက သူ့ပါးစပ်နားကပ်လာတဲ့ လူငယ်လေးရဲ့လက်ကို မုန်းတီးစွာနဲ့ ကိုက်လိုက်တယ်။ သို့သော်လည်း မကိုက်ရသေးခင် သူက ပြောင်းပြီး လျှာနဲ့လျက်လိုက်တယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now