253: Vol17: 10

3.3K 565 3
                                        

Unicode

ဆန်းအိမ်တော်။

အခုလေးတင်ပဲ ဆန်းကျားရမ်ဟာ အလွန်အမင်းကို ကြောက်လန့်နေခဲ့တယ်။ သူမက ထိတ်လန့်တကြားလှည့်ပြေးလာခဲ့ပြီး မိုးရေတွေစိုနေလား မစိုနေဘူးလားဆိုတာတောင် မသိတော့ပါဘူး။ နောက်ဆုံးမှာ သူမက ကြီးမားတဲ့သစ်ပင်အောက်မှာရပ်လိုက်ပြီး မောဟိုက်စွာ အသက်ရှုနေတယ်။

မိန်းမငယ်လေးရဲ့ဆံပင်တွေက ရေစိုနေသလို သူမခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေလည်းပဲ ရေစိုနေပါတယ်။ သို့သော်လည်း ဒါကို ဂရုစိုက်နေဖို့ အချိန်မရှိပါဘူး။ သူမနှလုံးသားမှာ ခုလေးတင်ရလာတဲ့ အနံ့တွေ ပြည့်နှက်နေတယ်—

သူမ... သူမက အဲ့ဒီအသားကို မှတ်မိတယ်! ဘာလို့ အဲ့ဒါက ရှားလော့ဘေးမှာ ပေါ်လာတာလဲ? အကိုချီလင်က သူ့ကို ပေးခဲ့တာလား? အဲ့ဒီအသားပိုင်းက တကယ်ပဲ အနံ့ကောင်းတယ်...

အသားတုံးအနံ့ကိုပြန်စဉ်းစားတော့ ဆန်းကျားရမ်ဟာ လျှို့ဝှက်ပြီး သားရည်မယိုပဲမနေနိုင်ဖြစ်ပြီး တစ်ကိုက်လောက် ကိုက်ကြည့်ချင်မိတယ်။ သူမက ဆွဲဆောင်ခံလိုက်ရသလိုဖြစ်ပြီး သစ်ရွက်ပေါ်ကမိုးရေစက်က သူမနှာခေါင်းထိပ်ကိုကျလာမှ ဆန်းကျားရမ်ရဲ့အသိစိတ်ကို ပြန်ဝင်လာစေတယ်။ သူမ အဲ့ဒါကို စားလို့မရဘူး။ သူမလက်ထဲမှာလည်း ကိုင်ထားလို့မရဘူး။ ဝေးဝေးလွှင့်ပစ်ရမယ်! အဲ့လိုမှမဟုတ်ရင် အဲ့ဒါက...

ဘာဖြစ်စေမှာလဲ? ဆန်းကျားရမ်က စဉ်းစားဖို့ကြိုးစားပေမယ့် သူမ ဘာကိုမှ သတိမရတော့ပါဘူး။ ဖြစ်လာမယ့်အကျိုးဆက်ကို သူမ မမှတ်မိပေမယ့် အရာတစ်ခုကတာ့ အရမ်းကိုရှင်းလင်းတယ်။ အဲ့ဒါကို 'လုံးဝမစားနဲ့ သို့မဟုတ် မထိနဲ့!' ဆိုတာပါပဲ။

အကိုရှားလော့က အဲ့ဒီအသားပိုင်းကို ထိတွေ့ခဲ့ပြီးပြီ။ သူ စားပြီးပြီလားဆိုတာ သူမ မသိပါဘူး။ တခြားဘယ်သူ့ကို သူမအတွက် အကူအညီတောင်းလို့ ရမလဲ? အသိတရားအရတော့ ဆန်းချီလင်နဲ့ သူ့အဖေက အကောင်းဆုံးရွေးချယ်မှုဆိုပေမယ့် ဆန်းကျားရန်ရဲ့အလိုလိုသိစိတ်ကတော့ ဒီအကြံကို ငြင်းပယ်နေတယ်။

ဆန်းကျားရမ်က ကောင်းကင်မှာအလင်းရောင်ဖျော့ဖျော့လင်းလာတဲ့အချိန်ထိ သစ်ပင်အောက်မှာ အကြာကြီးတွေဝေနေခဲ့တယ်။ သူမက ဟင်းသွားချက်ဖို့ ထသွားလောက်မယ့် နာနီအကြောင်းစဉ်းစားလိုက်ပြီး အရင်ဆုံး အနားယူဖို့ ပြန်သွားလို့ရနိုင်တယ်။ သူမက လှုပ်ရှားလာပြီး သူမအခန်းဆီ လမ်းလျှောက်ပြန်လာခဲ့တယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now