263: Vol 17: 20

2.5K 468 5
                                    

Unicode

ရှောင်လီက အက်ကွဲကြောင်းကို ရှာတွေ့တဲ့အချိန်မှာပဲ ကမ္ဘာအနှံ့မှာ တူညီတဲ့အရာတွေ ဖြစ်ပျက်နေခဲ့တယ်။

လမ်းမကြီး။

အမျိုးသမီးတစ်ယောက်က အသည်းအသန် ပြေးနေတယ်။ သည်းထန်တဲ့မိုးက သူမကိုင်ထားတဲ့ထီးပေါ် သည်းကြီးမည်းကြီးကျနေပြီး ပြင်းထန်တဲ့လေက သူမကို မြေပြင်ပေါ်လဲကျစေမတက် တိုက်ခတ်နေတယ်။ မိုးရေစက်တွေက သူမမျက်နှာပေါ်သွန်းလောင်းနေပြီး သူမတကိုယ်လုံး ရွှဲရွှဲစိုနေတယ်။ သူမရဲ့အညိုရောင်ဆေးဆိုးထားတဲ့ဆံပင်က သူမကိုယ်မှာ ကပ်နေပေမယ့် အဲ့ဒါကို ဂရုစိုက်ဖို့ အချိန်မရှိပါဘူး။

လမ်းမကြီးက မြို့ကြီးရဲ့အဓိကလမ်းမကြီးဖြစ်ပြီး ကြားရက်တွေမှာဆိုရင် ယာဉ်ပိတ်ဆို့မှုအပြည့်ပါပဲ။ ဒီတစ်ခေါက်မှာတော့ ရွာနေတဲ့မိုးနဲ့ သတင်းတွေကြောင့် သူမက လမ်းပေါ်မှာ တစ်ယောက်တည်းဖြစ်နေတယ်။

လမ်းအနီးနားကဆိုင်တွေမှာ တံစက်မြိက်တွေရှိပြီး တစ်ချို့ဆိုရင် မြေအောက်ရထူးဘူတာရုံမှ ထွက်ပေါက်အပါအဝင် ကျယ်ပြန့်တဲ့လမ်းတွေပါ ရှိတယ်။ အဲ့ဒါတွေက မိုးဒါဏ်ကိုခံနိုင်ပြီး လူအများအပြားမိုးခိုလို့ရပေမယ့် အမျိုးသမိးက ကြည့်တောင်မကြည့်ပဲ အရှေ့ကိုသာ အလျင်စလိုသွားနေတယ်။ မိုးသက်မုန်တိုင်းထက် ပိုကြောက်စရာကောင်းတဲ့ မမြင်ရတဲ့သားရဲကောင်က သူမနောက်လိုက်ဖမ်းနေသလိုပါပဲ။

တကယ်တော့ သူမက သာမန်လူတစ်ယောက်ဖြစ်ပြီး ကူးပြောင်းဝင်ရောက်သူတစ်ယောက် မဟုတ်ပါဘူး။ သူမက ဒီကို အလုပ်ကိစ္စနဲ့ရောက်လာတာဖြစ်တယ်။ သူမ လေဆိပ်ထဲကထွက်လိုက်တာနဲ့ သည်းထန်စွာရွာနေတဲ့မိုးနဲ့ ပိတ်မိနေပြီး လေဆိပ်အနားက ဟိုတယ်မှာ ယာယီနေထိုင်နေခဲ့တာဖြစ်တယ်။

ဒီလောက်မိုးသည်ထန်နေတဲ့ထဲမှာ သူမ ဟိုတယ်အပြင်ကိုထွက်ရဲရတဲ့အကြောင်းပြချက်ကတော့ အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့ သူမသမီးကို စိုးရိမ်လို့ပါပဲ။ သူမက စောစောပြန်ပြီး သူမသမီးကို ဂရုစိုက်ချင်ပေမယ့် လမ်းမှာ သရဲနဲ့ကြုံတွေ့ရမယ်လို့ မမျှော်လင့်ထားပါဘူး။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now