Unicode
ဒီကြယ်အလင်းတန်းအစုအဝေးရဲ့ပထမဆုံးစာကြောင်းကို ဖတ်ပြီးတဲ့အခိုက်အတန့်မှာ Pseudo-Logoi က သူ့ကို ကလိမ်ကကျစ်ကျခဲ့တာပဲဆိုတာကို ရှောင်လီသိသွားခဲ့တယ်။ သတင်းအချက်အလက်က နတ်ဘုရားတွေရဲ့ထိရှစေပြီး နတ်ဘုရားတွေရဲ့ရုပ်ထုကိုတောင် ကိုင်လှုပ်နိုင်စေတယ်။ အဲ့ဒါက 'မြှုပ်နှံ'လိုက်ဖို့ လိုအပ်တဲ့ အမှန်တရားတစ်ခုပါပဲ။
အလိမ်အညာနတ်ဘုရားက အမှန်တရားရဲ့စကားတစ်ခွန်းကိုမှ ပြောမှာမဟုတ်ဘူး။ ရှောင်လီသာ သူ့အပေးအယူကို သဘောတူလက်ခံခဲ့ရင် သူက Pseudo-Logoi ရဲ့အရူးလုပ်ခြင်းခံရတဲ့တစ်ယောက်အဖြစ် အောင်ပွဲအထိန်းအမှတ်တစ်ခု ဖြစ်သွားနိုင်တယ်။ ကံမကောင်းတဲ့သေခြင်းနတ်ဘုရားလိုမျိုး Pseodo-Logoi ရဲ့နင်းတတ်စရာကျောက်တုံးတစ်တုံး ဖြစ်ကောင်းဖြစ်သွားလိမ့်မယ်။
သူအဲ့လိုလုပ်ချင်သ၍တော့ အကြောင်းပြချက်တစ်ခုတောင်မလိုအပ်ပါဘူး။ ဒီလိုစရိုက်နဲ့နတ်ဘုရားတစ်ပါးဟာ သူနဲ့အဆင့်တူညီတဲ့ တည်ရှိမှုများစွာကို စော်ကားခဲ့မယ်ဆိုတာ စိတ်ကူးကြည့်လို့ရတယ်။ သူ ခုထိအသက်ရှင်နေသေးတယ်ဆိုတာကသာ အလိမ်အညာနတ်ဘုရားရဲ့စွမ်းအားကို သက်သေပြနေတဲ့အချက်ပါပဲ။
ရှောင်လီက ခေါင်းခါလိုက်ပြီး သူ့စိတ်ထဲကနေ Pseudo-Logoi ကို ဖျောက်ဖျက်လိုက်ပြီး အလင်းရောင်ရဲ့မာတိကာတွေကို ဆက်ပြီးလေ့လာလိုက်တယ်။
[ပရမ်းပတာသေခြင်းတရားများ၊ သေခြင်းနတ်ဘုရားတစ်စစီပြိုလဲပျက်စီး၊ 'သူ'ဖြစ်လာစေဖို့ အခွင့်အရေးကို သူတို့အသုံးချခဲ့။]
ဗလာ။
ကြီးမားတဲ့ ဗလာ။
သေခြင်းနတ်ဘုရား...
ရှောင်လီက ပုံတူကမ္ဘာထဲကိုပထမဆုံးစဝင်တဲ့နေ့၊ ထန်လီဆီကအကူအညီတောင်းစာကိုရရှိချိန်တုန်းက မြင်ခဲ့ရတဲ့မြစ်ကို ချက်ချင်းစဉ်းစားမိသွားတယ်။ အဲ့ဒါက သေခြင်းတရားမြစ်ဆိုတာများလား? သူက ဆက်ပြီး အောက်ကို 'ရှာဖွေ'နေတယ်။
ဗလာ။
[အမိန့်အသစ်တစ်ခု စတင်ခဲ့သည်။]
[သူတို့တွေ petri dishes* လိုအပ်တယ်။]
(t/n : Petri dishes ဆိုတာက သေးငယ်တဲ့သက်ရှိဇီဝပိုးမွှားတွေကို ထည့်ဖို့အတွက် ကြည်လင်ပြီး အဖုံးပါတဲ့ လုံးဝန်းတဲ့ပန်းကန်ပြားလေးတွေ။)
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
