THE END 271: Extra 3

4.1K 601 104
                                    

Unicode

ဆောင်းရာသီ နှစ်သစ်ကူးဖို့တရက်အလို။ ညနေ ငါးနာရီလောက်မှာ ကောင်းကင်က မှုန်မှိုင်းနေပြီး လမ်းမီးတွေပွင့်လာကာ လမ်းပေါ်မှာရှိတဲ့ဆိုင်ကြီးတွေဟာ သက်ဝင်လှုပ်ရှားနေပြီး ပျော်စရာကောင်းတဲ့သီချင်းတွေ ဖွင့်ထားကြတယ်။ မီးပုံးတွေနဲ့ ရောင်စုံဆိုင်းဘုတ်တွေဟာ ဆူညံသံတွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ပေါင်းစပ်ပြီး စည်ကားနေတယ်။

ဒီနှစ်ဆောင်းဟာ အထူးပိုအေးပေမယ့် လူတွေရဲ့နှစ်ကူးအကြိုညအတွက် စိတ်အားထက်သန်မှုတွေကို မဖုံးကွယ်နိုင်ပါဘူး။

ရှောင်လီက မစ်တီးတခွက်ကိုင်ပြီး လမ်းဘေးမှာ လမ်းလျှောက်လာတယ်။

သူက နတ်ဘုရားဖြစ်ခဲ့တာ အချိန်တချို့ကြာခဲ့ပြီး နတ်ဘုရားတပါးရဲ့စွမ်းရည်တွေနဲ့ ရင်းနှီးသွားခဲ့ပြီဆိုပေမယ့် လူသားတယောက်လိုနေရတာကို ပိုပြီး ကြိုက်နှစ်သက်နေတုန်းပါပဲ။ သူက ပုံတူကမ္ဘာတွေဆီ ဝင်ရောက်ပြီး ကူးပြောင်းဝင်ရောက်သူတယောက်အဖြစ်ဟန်ဆောင်ကာ သရဲတွေနဲ့ ကစားတာ၊ သူက ပုံတူကမ္ဘာတခုကိုဖန်တီးတာ၊ ဒါမှမဟုတ် တခြားနတ်ဘုရားတွေနဲ့ရင်းနှီးဖို့ အဓိကစကြာဝဠာဆီကို ရှန်ချန်ကျီးနောက်လိုက်သွားချိန်ကလွဲရင် အစစ်အမှန်ကမ္ဘာမှာ သူ့ရဲ့ဩဇာအာဏာကို များသောအားဖြင့် တနေရာထဲမှာပဲထားပြီး သာမန်ပြည်သားတယောက်အဖြစ်ပဲ နေလာခဲ့တယ်။

သူက လမ်းလျှောက်နေရင်း ပူလာတယ်။ ရှောင်လီက အသက်ရှုထုတ်လိုက်ပြီး သူ့လည်ပင်းမှာပတ်ထားပဲ အနက်ရောင်လည်စည်းကို ဆွဲဖွင့်ကာ သွယ်လျတဲ့လည်တိုင်ပေါ်လာစေလိုက်တယ်။

သူက လည်စည်းပုဝါကိုမဝတ်ချင်ပေမယ့် တံခါးပေါက်ဝနားမှာ ရှန်ချန်ကျီးက သူ့ကို ဝတ်ခိုင်းခဲ့တာဖြစ်တယ်။ ရှောင်လီက ရှန်ချန်ကျီးကို သူနဲ့လိုက်လာခွင့် ငြင်းဆန်ပြီးတဲ့နောက် သူက အဖက်ခံလိုက်ရပြီး သူ့နှလုံးသားဟာ ပျော့ပျောင်းသွားတယ်။ လည်စည်းပုဝါလေးဝတ်လိုက်ရုံပဲဆိုတော့ သူပဲ ခြေတလှမ်းဆုတ်ပေးလိုက်တယ်။

ရှောင်လီကစဉ်းစားရင်း ဒီနေရာရောက်တော့ သူ့လက်ထဲကိုင်ထားတဲ့အိတ်ကို ငုံ့ကြည့်လိုက်တယ်။ အိတ်ထဲမှာ သူ့ရဲ့ကူကယ်ရာမဲ့တွယ်ကပ်လွန်းလှတဲ့ ချစ်သူကောင်လေးကို ရှောင်ရှားဖို့အတွက် သူ့ရည်ရွယ်ချက်ဖြစ်တဲ့ တစုံတခု ပါဝင်လေတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now