249: Vol 17: 6

3.6K 628 31
                                        

Unicode

စတိဝပ်က အဖွဲ့ကို တည်ငြိမ်စွာပဲ ဦးဆောင်သွားပြီး လမ်းအဆုံးမှာ ချန်ထားခဲ့လိုက်တယ်။ သူတို့တွေက တံစက်မြိတ်ပျောက်ကွယ်သွားတဲ့ အဆောက်အဦးမြင့်ရှေ့မှာ ရပ်လိုက်ကြတယ်။ မြင့်မားတဲ့ဖွဲ့စည်းပုံကြောင့် ကော်ရစ်ဒါက အဆောက်အဦးရဲ့လှေကားထိ တိုက်ရိုက်မတည်ဆောက်နိုင်ပေ။ အဲ့ဒါကြောင့် သူတို့တွေက အမိုးဖွင့်ထားတဲ့လမ်းအတိုင်းလျှောက်သွားပြီးမှ အဆောက်အဦးထဲ ဝင်လို့ရလိမ့်မယ်။

ပုံမှန်ဆိုရင် ရှောင်လီက အဝါရောင်စာအုပ်လေးထုတ်ပြီး ထာဝရဝိဥာဉ်ထီးကို ဆင့်ခေါ်မှာဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ ထာဝရဝိဥာဉ်ထီးကို ရှန်ချန်ကျီးက ယူသွားလေတယ်။ မိုးကသာ ဖွဲဖွဲလေးပဲရွာနေရင် သူတို့တွေ မိုးထဲဖြတ်ပြီး ပြေးသွားဖြစ်ဦးမယ်။ အခု ဒီလိုသည်းထန်တဲ့မိုးအောက်မှာ အမိုးအကာမရှိရင် သူတို့တွေ ရေစုပ်စုပ်မြုပ်သွားလိမ့်မယ်။ ဒါမှမဟုတ် ရိုးရှင်းစွာပဲ...နောက်ပြန်လှည့်ကြမလား?

ရှောင်လီက မိုးရေထဲတည့်တည့်သွားနေတဲ့ အိမ်တော်ထိန်းကိုကြည့်ကာ အတွေးတွေနဲ့ ပြည့်နှက်နေတယ်။

"အိမ်တော်ထိန်းဆန်း။ ရှင့်မှာ ကျွန်မတို့အတွက်ထီးမရှိဘူးလား?"
လော်ရှန်းက သူမအသံကိုမြှင့်ပြီး မိုးရေထဲမှာ သူတို့အရှေ့ကသွားလိုက်တဲ့အိမ်တော်ထိန်းကို အော်မေးလိုက်တယ်။

အိမ်တော်ထိန်းက မိုးရေထဲမှာရပ်လိုက်ပြီး သူ့အသံက မိုးသံနဲ့ရောနေတယ်။
"ကျွန်တော် ထီးသွားယူလာပေးပါ့မယ်"

ဝမ်ဟွိုင်က သက်ပြင်းချလိုက်တယ်။ "မလိုဘူး။ ကျွန်တော့်မှာ ရှိတယ်"

သူ့တာဝန်စာအုပ်ကနေ ထီး၃ချောင်း ထုတ်ယူလိုက်တယ်။ ထီးတွေရဲ့အရောင်က အနီရောင်၊ လိမ္မော်ရောင်နဲ့ အဝါရောင်ဖြစ်ပြီး သိပ်မကြီးပါဘူး။ ထီးတွေက မူကြိုကလေးတွေအတွက် ထုတ်ထားတဲ့ပုံနဲ့ တူပါတယ်။

"အဲ့ဒါက အများဆုံး ၁၀မိနစ်ပဲသုံးလို့ရတယ်။ ပြီးရင် ထီးရဲ့ဝိဥာဉ်၃ခုက ပြန်ပျောက်သွားလိမ့်မယ်"
ဝမ်ဟွိုင်က လူတိုင်းက လေးလေးနက်နက်သတိပေးလိုက်တယ်။
"အတူတူပြေးရမယ်"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now