Unicode
အတော်ကြာခဲ့ပြီဖြစ်ပြီး ကပ္ပတိန်စတန်းက သူ့သင်္ဘောတခုလုံးကို ပြန်ပြင်ဆင်ခဲ့ပုံရတယ်။ ကော်ဇောက အမွးပွအနီရောင်တောက်တောက်နဲ့ အစားထိုးထားပြီး သင်္ဘောအခန်းငယ်ထဲမှာ နည်းနည်းပိုပြီးတော့ အလှဆင်ထားတယ်။ စတီယာရင်ဘီးပေါ်မှာ ထွင်းထုထားတဲ့မျက်နှာတောင်မှ သရဖူပုံကို အပေါ်မှာ ဆေးခြယ်ထားလေတယ်။
ဒီနေ့ ကပ္ပတိန်စတန်းက စိတ်ကောင်းဝင်နေပုံရပြီး သူ့ကို အားတတ်တရောနှုတ်ဆက်လေတယ်။
"ဒီနေ့ ရာသီဥတုက တကယ်ပဲကောင်းတယ်။ ဒီလို ရာသီဥတုကို ငါကြိုက်တယ်"ရှောင်လီ, "......."
သူက ပြန်တုန့်ပြန်တဲ့အနေနဲ့ တဖက်လူရဲ့ပါးစပ်ကို သောက်စရာတခုခုနဲ့ ပိတ်ထားဖို့ သူ့ဘေးက ဝိုင်ပုလင်းတွေကို မြှောက်ပြပေမယ့် ကပ္ပတိန်စတန်းက တဖက်ခြမ်းကို ညွှန်ပြလိုက်တယ်။
"ငါ ခုတလော သောက်ရတာ မကြိုက်ဘူး။ ဘေးက သောက်စရာအအေးပဲ ငါ့ကို ပေးပါ။ ငါ လိမ္မော်ရည်သောက်ချင်တယ်"ရှောင်လီက သူ့အကြည့်တွေနောက်လိုက်ကြည့်တော့ တဖက်ခြမ်းက ကြမ်းပြင်ပေါ်မှာ စည်ပိုင်းထဲတွေအများကြီး တွေ့လိုက်ရတယ်။ အဲ့ဒါတွေက ဝိုင်မဟုတ်ပဲ များပြားလှတဲ့ juices တွေ ဖြစ်နေတယ်။
သူက အဝါရောင် juice ကို ကောက်ယူလိုက်ပြီး ကပ္ပတိန်စတန်းရဲ့ပါးစပ်ထဲ လောင်းချထည့်ပေးလိုက်တယ်။ စတန်းက ကျေနပ်စွာနဲ့ပြုံးလိုက်တယ်။
"ငါ ပင်လယ်အနှံ့ရွက်လွှင့်ရင်း အစစ်အမှန်ကမ္ဘာမှာ တခုခုဖြစ်နေတယ်လို့ တယောက်ယောက်ပြောတာ ကြားခဲ့ရတယ်။ ငါ ပျင်းနေတာလို့ မင်းကိုလာကြည့်ချင်တာနဲ့ ရောက်လာတာပဲ။ မင်း ဘယ်သွားမလို့လဲ? အလိမ်အညာနဲ့ အလှနတ်ဘုရားမအကြောင်းဖြန့်ပေးတဲ့အတွက် ဆုလာဒ်အနေနဲ့ မင်းကို လိုက်ပို့ပေးမယ်"အဲ့လောက်ကြာနေတာတောင်မှ ကပ္ပတိန်စတန်းက Pseudo-Logoi နာမည်ပြောတဲ့အချိန်မှာ သူ့သွားတွေကိုကြိတ်ထားတုန်းပါပဲ။
ရှောင်လီက S မြို့ရဲ့တည်နေရာကို ပြောလိုက်တယ်။ သူက ကပ္ပတိန်စတန်းကို GPS လမ်းကြောင်းလည်းပြခဲ့တယ်။ ကပ္ပတိန်စတန်းက ကျယ်လောင်တဲ့လေချွန်သံကို ထုတ်လိုက်တယ်။
"ငါသိပြီ။ ကိုင်ထား။ အရှေ့ကို အရှိန်အပြည့်နဲ့ချီတက်ပြီ!"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Kinh dịငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...