239: Vol 16: 16

3.7K 641 28
                                        

Unicode

ရှောင်လီက သူ့ပုခုံးပေါ်ကအလေးချိန်ကို ထောက်ပံ့ဖို့ လက်ကို အသုံးပြုလိုက်တယ်။
"မင်း ဘယ်နှရက်လောက် ဆက်သည်းခံနိုင်သေးလဲ?"

"သိပ်မကြာတော့ဘူး" ဝမ်ဟွိုင်က စက္ကူဘောလုံးကို ခက်ခက်ခဲခဲမြိုချလိုက်တယ်။
"မင်း အရင်ပြောဦး။ ရလာဒ်က ဘာလဲ?"

"ပြောဖို့ခက်တယ်။ ထိန်းချုပ်လို့မရတဲ့အချက်အလက်တွေ အများကြီးရှိနေတယ်။ အခု ဒါက ငါ့ရဲ့ခန့်မှန်းမှု သက်သက်ပဲ" ရှောင်လီက သူ့လက်ချောင်းတွေ ထောင်လိုက်တယ်။
"သူ ငါ့ဆီရောက်တာတော့ အချိန်က 9:03 ဖြစ်ပြီးတော့ 9:05 မှာ သူက ငါ့ကို စဉ်းစားခန်းထဲ ပစ်ထည့်လိုက်တဘ်။ သူ ငါ့အခန်းကို ကင်းလှည့်ပြိးတာနဲ့ ငါပျောက်နေတာကို ရှာတွေ့ပြီး သူငါ့ဆီ တယ်လီပို့နည်းနဲ့ရောက်လာဖို့ ၂စက္ကန့်တောင် မကြာလိုက်ဘူး။  အဲ့ဒီတိုင်အောင် မင်းနဲ့ငါ့ကြားမှာတော့ ငါးမိနစ် ကွာခြားတယ်"

"ဒီ ငါးမိနစ်အတွင်းမှာ မင်း ခြေသံတွေကြားခဲ့သေးလား?"

ဝမ်ဟွိုင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်တယ်။ "ဟင့်အင်း"

"မင်း သေချာလား?"

"သေချာတယ်"

ရှောင်လီက ကုတင်ပေါ်ကနေ ခုန်ထပြီး တံခါးဖွင့်လိုက်တယ်။ သူတို့တွေက တခြားလူတွေရှိတဲ့နေရာကို လမ်းကြောင်းကနေ ပြန်လာလိုက်တယ။ ဝမ်ဟွိုင်တောင် စက္ကူစားရလောက်အောင်ထိ ဆာလောင်နေတဲ့အပြင် တခြားကူးပြောင်းဝင်ရောက်သူတွေလည်း အကျိုးသက်ရောက်မှုတွေရှိကြောင်း ရှောင်လီ တွေ့လိုက်ရတယ်။

အပြင်းထန်ဆုံးတစ်ယောက်ကတော့ ရယ်ကျယ်ချင်းပါပဲ။ သူက နိုးလာတာနဲ့ လမ်းကြောင်းတစ်လျှောက် ခေါက်တုန့်ခေါက်ပြန် ပြေးနေတယ်။ သူက ငိုတော့မလို ဖြစ်နေတယ်။ သူ့ခြေထောက်ကြွက်သားတွေလည်း တွန့်လိမ်နေပြီး သူ့ခြေဖဝါးမှာ အရည်ကြည်ဖုတွေပေါက်နေပေမယ့် ပြေးချင်စိတ်ကို ထိန်းမရနိုင်သေးပါဘူး။ သူက မောပန်းနေပြိး သူ့လည်ချောင်းထဲမှာ သွေးရဲ့အရသာတောင် ရှင်းရှင်းလင်းလင်း ရနေပြီ။ ပတ်ဟီးဆွန်က သူ့နောက်လိုက်နေသော်လည်း ရယ်ကျယ်ချင်းထပ်တော့ ပြေးတာ နှေးပါသေးတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now