268: 17: End

4.8K 692 86
                                        

Unicode

မရဏနတ်ဘုရားဟာ မတ်တပ်ရပ်နေဆဲဆိုပေမယ့် အနောက်ကို ကြည့်ဖို့ သူ့ခေါင်းကို ရုတ်တရက် ၁၈၀ ဒီဂရီလှည့်လိုက်တယ်။ သူက လူငယ်လေးရဲ့မျက်နှာကိုတွေ့တော့ အနည်းငယ်ဖြေလျှော့လိုက်ပြီး အံ့ဩတကြီးမေးလိုက်တယ်။
"မင်းပါလား?"

ရှန်ချန်ကျီးက သူ့လက်ကို လွှတ်လိုက်တယ်။ သူက တစ်ဖက်လူကို လျစ်လျူရှုပြီး မရဏနတ်ဘုရားကို ကျော်ဖြတ်လာကာ ရှောင်လီ့ဆီ တည့်တည့်သွားလိုက်တယ်။ သူက ရှောင်လီ့မျက်နှာပေါ်ကသွေးကို သုတ်ပေးပြီးတော့ မျက်မှောင်ကြုပ်လိုက်တယ်။
"အဆင်ပြေရဲ့လား?"

တိုက်ခိုက်မှုအများစုဟာ Bloody Mary ကို ထိခိုက်သွားတာ ဖြစ်တယ်။ ရှောင်လီက နောက်ဆက်တွဲအဖျားခတ်တိုက်ခိုက်မှုကိုသာ ခံလိုက်ရတာဖြစ်တယ်။ သူက ရှန်ချန်ကျီးကို ခေါင်းခါပြလိုက်ပြီး သူ့လက်ကို တွန်းဖယ်လိုက်တယ်။

ဒီလှုပ်ရှားမှုတွေနဲ့ ရှန်ချန်ကျီးကို ရှောင်လီတပ်ခေါ်လိုက်တဲ့နာမည်နဲ့ပေါင်းပြီး ဒီနှစ်ယောက်ရဲ့ relationship ကို မေးစရာမလိုတော့ပါဘူး။ မရဏနတ်ဘုရားက သူ့မျက်လုံးထဲကအံ့ဩမှုတွေကို ထိန်းချုပ်လိုက်ပြီး သူ့မျက်လုံးတွေဟာ စောနကလို အသက်မဲ့တဲ့ပုံ ပြန်ဖြစ်သွားတယ်။ သူ့ခေါင်းကိုလှည့်ပြီး ကောင်းကင်ကို တချက် အမြန်ကြည့်လိုက်ပြီးနောက် ရှန်ချန်ကျီးကို စကားပြောလိုက်တယ်။
"မင်း သူတို့ကို တားလိုက်တယ်"

ရှန်ချန်ကျီးက သူ့ကို အေးစက်စက်ကြည့်လိုက်ပေမယ့် မရဏနတ်ဘုရားဟာ သူ့ရဲ့ဥပေက္ခာပြုမှုကို ကျင့်သားရနေပါပြီ။ ဒါက အကြိမ်အနည်းငယ်လောက် တွေ့ခဲ့ဖူးတဲ့ သူ့ရဲ့ပုံမှန်အခြေအနေပါပဲ။ အခု အချစ်မှာကျရှုံးနေတဲ့ နူးညံ့ညှင်သာတဲ့ပုံသဏ္ဍာန်ကသာ ပုံမှန်မဟုတ်ဖြစ်နေပြီး အတင်းအဖျင်းနတ်ဘုရားကို အတော်လေးစိတ်လှုပ်ရှားစေဖို့ လုံလောက်နေပါပြီ။

ရှန်ချန်ကျီးဟာ သူ့ပတ်ပတ်လည်က သရဲထောင်ချောက်တွေကို ကြည့်လိုက်တယ်။ သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တော့ သရဲတွေကို ပိတ်ထားတဲ့ ပါးစပ်ထဲကသွားတွေအားလုံးဟာ ပျက်စီးသွားတယ်။ သွားစွယ်တွေက ကြမ်းပြင်ပေါ် ပြန့်ကျဲကျကုန်ပြီး သရဲတွေဟာ လွတ်မြောက်သွားလေတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now