222

4.6K 693 12
                                        

Unicode

နောက်ထပ် မနက်ခင်းစောစောအချိန်။

ရှောင်လီက ဒီအချိန် အိမ်ကိုပြန်တာက အချိန်အတော်ကြာထဲက ကျင့်သားရနေခဲ့ပြီး မနက် ၃နာရီကနေ ၅နာရီ မြို့ပြရှုခင်းတွေက အကြိမ်ရေ မရေတွက်နိုင်အောင်ပါပဲ။ အခု သူ အပေါ်တပ်လာချိန်မှာ မီးဖွင့်ဖို့တောင် မလိုအပ်တော့ပဲ အပေါ်ထပ်တပ်တဲ့အခါ သူ့မျက်လုံးမှိတ်ထားရင်တောင် ဘယ်ခြေလှမ်းက ဘယ်ကိုဦးတည်နေလဲဆိုတာ သူ သိနေပါပြီ။

ဒီတစ်ခေါက် တစ်ခုတည်းသောကွဲပြားခြားနားမှုက ရှန်ချန်ကျီးက သူ့ကို ဒီတိုင်းမထားခဲ့ပဲ ရှောင်လီနဲ့အတူ အပေါ်ကို လိုက်တတ်လာတာ ဖြစ်တယ်။

ရှန်ချန်ကျီးက ကြောင်တစ်ကောင်ကို ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ မြင်ချင်တာအပြင် ခုလေးတင်က ရှောင်ဝူတို့အိမ်မှာ ဘာဖြစ်ခဲ့လဲဆိုတာကို အသေးစိတ်သိချင်လို့လို့ သူက ပြောခဲ့တယ်။ ရှန်ချန်ကျီးက များသောအားဖြင့် တိတ်ဆိတ်နေတတ်တာကြောင့် သူပြောတဲ့အခါမှာ ရှောင်လီက သူ့ကို ပြင်းပြင်းထန်ထန်မငြင်းဆန်တော့ပါဘူး။

ရှောင်လီက အခန်းတံခါးကိုဖွင့်လိုက်တော့ ကြောင်နက်လေးက ရှောင်လီ့အိပ်ရာပေါ်မှာ ရှိမနေတော့ပါဘူး။ သူက ဆိုဖာလက်ရန်းပေါ်မှာ လှဲလျောင်းနေတယ်။ ပထမအကြည့်တစ်ချက်မှာတင် သူက အမှောင်ထဲမှာပုန်းနေတဲ့ အနက်ရောင်ဂတ်စ်ဘူးတစ်ဘူးလိုပါပဲ။ တံခါးကလှုပ်ရှားမှုတွေကြောင့် ကြောင်နက်လေးက သူ့နားရွက်ကို လှုပ်လိုက်တယ်။ သူ့ပါးစပ်ကိုဖွင့်ဟသန်းဝေလိုက်ပြီး အိပ်ရာကနေ နိုးလာတယ်။

"ထိုင်ပါ" ရှောင်လီက မီးဖွင့်ရင်း ပြောလိုက်တယ်။ သူက ကြောင်ဖြူလေးကို လည်ပင်းကနေ ချီခဲ့သလို ကြောင်နက်လေးကို ချီလိုက်ချင်တယ်။ သို့သော်လည်း ကြောင်နက်လေးက အရမ်းလေးလွန်းတယ်။ သူ့ခြေထောက်တွေက ဆိုဖာပေါ်ကနေ ကြွတယ်ဆိုရုံနဲ့ သူက သက်တောင့်သက်သာမဖြစ်မှုကြောင့် အော်လိုက်တယ်။ ရှောင်လီက သူ့ခြေထောက်ကိုချီပြီး အနားယူစရာမရှိပဲ သူ့လက်မောင်းထဲ ဖက်ထားလိုက်တယ်။

အခန်းထဲက အပူချိန်ဟာ အပြင်ကထပ် ပိုမြင့်တယ်။ သူက ပူတယ်လို့ခံစားရလို့ဖြစ်နိုင်ပါတယ်။ ရှန်ချန်ကျီး အဝင်ဝမှာ သူ့ဂျက်ကတ်ကိုချွတ်လိုက်ပြီး အထဲကတီရှပ် ပေါ်လာတယ်။ တီရှပ်က သူ့ရဲ့ ပြီးပြည့်စုံတဲ့ကြွက်သားတွေကို ပြသနေပြီး အရမ်းကြီးမားလွန်းတာမျိုးမဟုတ်ပေမယ့် အထင်ကြီးလောက်စရာပါပဲ။ ကျူးကျော်ရန်လိုနေတဲ့ပုံနဲ့ ခွန်အားအပြည့် ရှိနေတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now