209: Vol 15: 21

4.4K 754 19
                                        

Unicode

ရှောင်လီက သူ့ရှေ့မှာ မြေပြင်ပေါ်မှာရှာလည်ပင်းပြတ်ပုံရိပ်ကို စောင့်ကြည့်ရင်း ဆံနီခေါင်းဆောင်ကို ပုံမှန်ပဲ ပြန်ဖြေလိုက်တယ်။
"ငါ့ကိုယ်နေဟန်ထားကို လေ့ကျင့်နေတာ"

ဆံနီခေါင်းဆောင်က ရှင်းရှင်းလင်းလင်းကြည့်လိုက်တယ်။ တစ်လူက အရပ်မပုသလို သူ့လေသံထဲမှာ စိတ်မရှည်မှုကို တွေ့လိုက်ရတယ်။ အဲ့အစား သူက စိတ်ဝင်စားသွားတယ်။
"အိုး။ မင်းဘယ်လိုပစ်ရလဲဆိုတာကို သိနေမယ်လို့ ငါမမျှော်လင့်ထားမိဘူး။ ငါ့ကိုကြည့်ပြိးနောက် မင်းလက်တွေ ယားလာတာမဟုတ်လား? သူတို့ ဆေးရုံကိုသွားနေတုန်း ဘာကြောင့် ငါတို့ နည်းနည်းလောက် မကစားပဲ နေမှာလဲ?"

လည်ပင်းပြတ်ပုံရိပ်က သူ့ခေါင်းကို ထိသွားပါပြီ။ သူက ကုန်းကာ ဦးခေါင်းကို ကောက်ယူလိုက်တယ်။ ဒါပေမယ့် သူ့လည်ပင်းမှာ မတပ်လိုက်ပါဘူး။ အဲ့အစား သူက ရှောင်လီ့ကို လျင်မြန်စွာ မျက်နှာချင်းဆိုင်ပြီး သူ့ကို 'ကြည့်'လိုက်တယ်။ ရှောင်လီက ဆံနီခေါင်းဆောင်ရဲ့ဖိတ်ခေါ်မှုကို ကြားတော့ ညီငယ်လေးကို ကြည့်လိုက်တယ်။
"မင်း သူ့ကို အရင်ကြည့်သင့်တယ်"

"မင်း ဘယ်လိုနေလဲ" ဆံနီခေါင်းဆောင်က သူ့ညီအစ်ကိုရဲ့အခြေအနေကို မေ့သွားပြီ ဖြစ်တယ်။ သူက ရှောင်လီ့နောက်လိုက်ပြီး နှုတ်ဆက်စကားအဖြစ်နဲ့ မေးလိုက်တယ်။

ညီငယ်လေးက သူ့လက်မောင်းကို ကိုင်ထားပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တယ်။
"သက်သာတယ် ခေါင်းဆောင်။ ဒီနေရာက နည်းနည်းထူးဆန်းတယ်လို့ ငါထင်တယ်။ ခုထိ ငါ ဘာမှမလုပ်ရသေးပေမယ့် ရုတ်တရက် ကြီးမားတဲ့အားတစ်ခုက ငါ့လက်မောင်းကို ဝင်တိုက်သွားတာကို ခံစားလိုက်ရပြီး အလဲထိုးလိုက်တာပဲ။ အမဲလိုက်ခံလိုက်ရသလိုပဲ"

ရှောင်ချန်းကလည်း ခုထိ ထွက်မသွားရသေးပါဘူး။ သူ့ဗိုက်ကို လက်တစ်ဖက်နဲ့ဖိထားပြီး ဒါကိုကြားတော့ ထောက်ခံလိုက်တယ်။
"ဟုတ်တယ်။ ဟုတ်တယ် ငါရောပဲ။ မမြင်ရတဲ့တစ်ခုခုက ငါ့ဗိုက်ကို ထိုးလိုက်သလိုပဲ"

ဆံနီခေါင်းဆောင်က သူတို့ရဲ့စကားကိုကြားတော့ ထိတ်လန့်သွားတယ်။ သူ့ပတ်ပတ်လည်မှာရှိတဲ့ မြေပြင်အလွတ်ကို သူ လှည့်ပတ်ကြည့်လိုက်တယ်။ မြူတွေကြောင့် သူက ပတ်ဝန်းကျင်ကို မမြင်ရပါဘူး။ အဲ့ဒါက သူ့ရှေ့မှာရှိတဲ့ ရင်းနှီးနေတဲ့အဆောက်အဦးကို ထူးဆန်းသွားစေတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now