255: Vol 17: 12

2.4K 497 13
                                    

Unicode

ဆန်းချီလင်က နည်းနည်းဒေါသထွက်သွားပေမယ့် အပေါ်ယံမှာတော့ ဘာမှမပြောပေ။ သူက ရှားလော့ကို မကျေမနပ်နဲ့နောက်ပြန်လှည့်ကြည့်ပြီး ခေါင်းစဉ်ကို ရှောင်လိုက်တယ်။

တစ်ဖက်လူတွေက တစ်ခုခုတွေ့သွားမှာကို အရမ်းကြောက်နေတာကြောင့် ဖြစ်နိုင်တယ်။ ဆန်းချီလင်က လူတိုင်းကို ကျောခိုင်းထားဖို့ပဲ ရွေးလိုက်တယ်။ သူ့မျက်လုံးတွေကို မှိတ်လိုက်တော့ အဲ့တုန်းက အဖြစ်အပျက်တွေကို ပြန်အမှတ်ရနေသလို သူ့မျက်နှာပေါ်မှာ ဝမ်းနည်းနေပုံပေါ်လာတယ်။
"ဆန်းမိသားစုက ဘယ်ကနေစတင်ခဲ့လဲ? အကိုဝမ်က ဒါကို ကောင်းကောင်းသိသင့်တယ်"

"အလောင်းတွေကို ထိန်းချုပ်မောင်းနှင်တာ" ဝမ်ဟွိုင်ရဲ့အသံက ပုံမှန်ပါပဲ။

"ဟုတ်တယ်။ တခြားလူတွေက ကျွန်တော်တို့ကိုတောင်းဆိုပြီး ကျွန်တော်တို့ကိုယ်ပိုင်နည်းပညာကိုသုံးပြီး အလုပ်အပ်သူတွေသတ်မှတ်ထားတဲ့ သူတို့အိမ်တွေဆီ အလောင်းတွေကို ပြန်ပို့ပေးဖို့ ထိန်းချုပ်ခဲ့တယ်။ ကျွန်တော်တို့မြေးမြစ်တွေက ဒါကို ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့တာကြောင့် အခန်းတွေကို အတွင်းပိုင်းနဲ့အပြင်ခန်းအဖြစ် ပိုင်းခြားထားတယ်။ ပြင်းထန်တဲ့မိဘတွေက ကလေးရဲ့အလောင်းနဲ့ပတ်သတ်တဲ့အာရုံခံစားမှုကို ပျိုးထောင်ဖို့အတွက် အလောင်းနဲ့ အပြင်ဘက်မှာ အိပ်ပေးရတယ်"
ဆန်းချီလင်က သူ့ရဲ့ကလေးဘဝကအမှတ်တရတွေကို ပြန်စဉ်းစားပြီး အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်တယ်။
"ခေတ်မီလူ့ဘောင်ကို ဝင်ရောက်လာတဲ့အချိန်ကစပြီး အလောင်းတွေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ပြီး အလောင်းထိန်းချုပ်တဲ့စီးပွါးရေးကလည်း တဖြည်းဖြည်းကျဆင်းလာတယ်။ အဘိုးနဲ့အဖေက အမြဲတမ်း နည်းလမ်းသစ်တွေကို ရှာဖွေခဲ့တယ်။ ကူးပြောင်းဝင်ရောက်သူတွေရဲ့ပုံတူကမ္ဘာ ဖွင့်ပြီးတဲ့နောက် မိသားစုဝင်တွေက ကမ္ဘာထဲဝင်ရောက်ပြီး အဲ့ကနေ အလောင်းသန့်စင်နည်းစနစ်တွေကို ပြန်ယူလာခဲ့တယ်။ အလောင်းတွေကို တစ္ဆေနဲ့ပိုနီးစပ်တဲ့သတ္တဝါအဖြစ် သန့်စင်နိုင်ပြီးတော့ သာမန်သရဲတစ္ဆေတွေထပ် ပိုပြီးသန်မာလိမ့်မယ်။ အဘိုးက တစ်ဖက်ပိတ်လမ်းကို ဦးတည်သွားခဲ့တယ်"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now