241: Vol 16: End

4.3K 769 63
                                        

Unicode

ဒီသွေးချည်မျှင်တွေက ထက်ရှမနေပါဘူး။ သူတို့တွေက အရမ်းသေးငယ်တဲ့ သွေးပြန်ကြောတွေနဲ့ ပိုတူပြီး ထူးထူးဆန်းဆန်း အထက်ကို ချဲ့ထွင်နေပုံရတယ်။

ရှောင်လီက သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်တယ်။  သူ့နားထဲမှာ လေသံကြားလိုက်ရတာနဲ့ ဦးတည်ချက်က ပြောင်းလဲသွားပြီး သူ့အိတ်ကပ်ထဲက အရုပ်လေးရဲ့ဆံပင်က ရှည်ထွက်လာတယ်။ တစ်ဖက်က သူ့ခါးကို ရစ်ပတ်လိုက်ပြီး တစ်ဖက်ကတော့ သွေးချည်မျှင်တွေဆီဦးတည်က ပြုတ်ကျလာခြင်းရဲ့သက်ရောက်မှုကို လျှော့ချဖို့ ဝန်းရံလိုက်တယ်။

ဒီ​သွေးချည်မျှင်တွေက နေရာမှာတင် အသေတပ်ဆင်ထားတာနဲ့တူတယ်။ ထန်လီ့ဆံပင်က သူတို့ကို ကွေးလိုက်ဖို့မလုံလောက်တာတေကြာင့် သူတို့တွေက အောင်အောင်မြင်မြင်ပဲ အကျိုးသက်ရောက်မှု အားနည်းသွားစေတယ်။ သူမဆံပင်က ပိုပြီး သက်ရောက်မှုကို ခံလိုက်ရတယ်။ ရှောင်လီ ကြမ်းပြင်နဲ့ထိတာနဲ့ သူ့ခြေဖဝါးအောက်မှာ ပျော့ပျောင်းနေတာကို တွေ့ရှိလိုက်ရတယ်။

ဒီစီရင်ချက်အကျဉ်းထောင်ရဲ့အောက်ခြေက ပုံမှန်မဟုတ်သလို စိတ်ကူးယဉ်ဆဲလ်တွေလည်း မဟုတ်ပါဘူး။ အဲ့ဒါက ဦးနှောက်တွေကို အတူတူရောယှက်ထားတဲ့အဖွဲ့အစည်းတစ်ခုသာ ဖြစ်တယ်။ ရှောင်လီခြေချလိုက်တဲ့ကြမ်းပြင်က ဒါကို ကာကွယ်ထားတဲ့ အလွှာတစ်ခု ဖြစ်လေတယ်။ ပါးလွှာတဲ့ဦးနှောက်တစ်သျှူးအလွှာက လေကူရှင်လိုမျိုး တည်ရှိနေတယ်။

ရှောင်လီက သူ့ခြေချောင်းတွေကို လှုပ်ရှားပြီးတော့ အပေါ်ကနေ ကုန်းကြည့်လိုက်တယ်။ သူက ဦးနှောက်အရှေ့ပိုင်းဧရိယာကိုတောင် တွေ့လိုက်ရပြီး ရုတ်တရက်လက်လှမ်းပြီး ဆော့ကစားချင်စိတ်တောင် ပေါက်သွားတယ်။

...ထားလိုက်ပါတော့။ ဒါက အရမ်းကို လူမဆန်ရာကျတယ်။

ရှောင်လီ ပြုတ်ကျလာတုန်းက တွေ့တဲ့ သွေးချည်မျှင်တွေက အောက်ကနေ မြင့်တတ်လာတယ်။ သူက အရှေ့ကို အကွာအဝေးတစ်ခုထိ လမ်းလျှောက်သွား​ပြိး သူ့လက်တွေကို သွေးချည်မျှင်ပေါ်တင်ကာ မာကြောမှုကို စမ်းသပ်ကြည့်ဖို့ ညှစ်လိုက်တယ်။ ထို့နောက် ရုတ်တရက် ရပ်တန့်လိုက်လေတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now