259: Vol 17: 16

2.3K 470 5
                                    

Unicode

အခန်းထဲကTV ဟောင်းမှာ ခေတ်နောက်ကျနေတဲ့ ဒရမ်မာတွေ လာနေတယ်။ သူရဲကောင်းက မင်းသမီးကိုဖက်ထားပြီး လွှတ်ပေးဖို့ငြင်းဆန်နေကာ သူ့အတွေးတွေကို ကြင်နာယုယစွာ ပြောပြနေတယ်။ ရှောင်လီက ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်နေပြီး ရှန်ချန်ကျီးက နောက်ကနေ သူ့ကိုဖက်ထားတယ်။

အရုပ်လေးဟာ အခန်းထဲက ညှိုးနွမ်းနေတဲ့သစ်ခွပင်မှာ တွဲလောင်းချိတ်ဆွဲနေတယ်။ ထန်လ်ီဟာ ရိမုကိုကိုင်ပြီး ချန်နယ်တွေ တစ်ခုပြီးတစ်ခု ပြောင်းနေတယ်။ သို့သော်လည်း အားလုံးဟာ လွန်ခဲ့တဲ့ငါးနှစ်တုန်းကထုတ်လွှင့်ခဲ့တဲ့ ရသစုံရှိုးပွဲတွေနဲ့ ဒရာမာတွေချည်းပါပဲ။ နောက်ဆုံးအသစ်တွေ မဟုတ်ပေ။

ပြတင်းပေါက်အပြင်ဘက်မှာ ကောင်းကင်က အလင်းရောင်ကနေ မှောင်လာပေမယ့် ပြတင်းပေါက်ကိုတော့ ဖွင့်လို့မရဘူး။ အဆောက်အဦးတစ်ခုလုံးက အချိန်တစ်ခုမှာပဲ တည်မြဲနေတယ်။ ဖုန်တွေက အသက်ရှင်နေလား သေလားမသိတဲ့ပိုးဖလံလိုမျိုး အလင်းရောင်ထဲမှာ ပျံ့လွင့်နေတယ်။

ရှောင်လီက တကယ်တော့ နည်းနည်းအိပ်ငိုက်နေတယ်။ သူ့အပေါ်မျက်ခွံနဲ့အောက်မျက်ခွံတို့ ထိစပ်တဲ့အချိန်က ပိုပိုကြာလာတယ်။ ရှန်ချန်ကျီးက ခေါင်းငုံ့လိုက်ပြီး ရှောင်လီ့မျက်ခွံတွေပေါ် နမ်းလိုက်တယ်။
"အိပ်ရာထဲသွားမလား?"

ရှောင်လီက သူ့ခေါင်းကို ခါယမ်းပြလိုက်တယ်။ နောက်ဆုံးကျန်တဲ့ စိတ်ကြည်လင်မှုခြေရာသေးသေးလေးကို ဆုတ်ကိုင်လိုက်ပြီး တစ်ဖက်လူရဲ့လက်မောင်းထဲမှာ ပုံစံပြောင်းထိုင်လိုက်တယ်။ သူ့နောက်ကလူငယ်လေးရဲ့ ထွေးပွေ့မှုကနေ ရုန်းထွက်ပြီး နောက်ဆုံး နိုးသွားတော့တယ်။

ဘေးခန်းကအိမ်နီးချင်းတွေက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပေမယ့် တစ်ခုခုဖြစ်တော့မယ်လို့ ရှောင်လီ ခံစားနေရတယ်။ ဒါက တစ်နှစ်ပတ်လုံး ဖြတ်သန်းလာပြီးနောက် အလေ့အကျင့်ရခဲ့တဲ့ သူ့ရဲ့အလိုလိုသိစိတ်ပဲ ဖြစ်လေတယ်။

နာရီက ညသန်းခေါင်ကို ညွှန်ပြနေတဲ့အချိန်လောက်မှာပဲ ပြောင်းလဲမှုက ရုတ်တရက်ထွက်ပေါ်လာတယ်။ ဘေးခန်းမှာ လေးလံတဲ့အရာဝတ္ထုတစ်ခုကို တရွတ်တိုက်ဆွဲနေတဲ့ အသံပါပဲ။ နံရံက အင်္ဂတေနဲ့လုပ်ထားတာမဟုတ်ပဲ စက္ကူပါးလေးနဲ့လုပ်ထားသလိုမျိုး အသံက သူ့နားထဲကို ရှင်းရှင်းလင်းလင်းဝင်လာတယ်။ မည်သည့်အသံကာကွယ်မှုမှ မရှိနေပါဘူး။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now