235: Vol 16: 12

2.8K 565 26
                                    

Unicode

ရှောင်လီက သူ့အကြည့်တွေကို စာအုပ်ပုံကနေ ရုတ်သိမ်းလိုက်တယ်။ သူက ဆေးခန်းအဝင်ဝမှာရှိတဲ့ သတိပေးစာကို ပြန်ဖတ်လိုက်ပြီး ဒီစာကြောင်းက ဒီလိုဖြစ်နိုင်တယ်လို့ ထင်လိုက်တယ် :
[သတိထားပါ။ ဒီတံခါးကနေ ဖြတ်ဝင်လာတာနဲ့ မင်း လုံခြုံတဲ့နေရာကနေ ထွက်လာခဲ့ပြီ။]

ဒါက ဆေးခန်းပိုင်ရှင်က အတင်းအကြပ် မွန်းမံပြင်ဆင်ခဲ့တာပဲ ဖြစ်ရမယ်။

ကျန်းရီက ရှောင်လီနဲ့ပိတ်နေတာကြောင့် အထဲမှာရှိတဲ့စာအုပ်တွေရဲ့နာမည်ကို မမြင်ရပါဘူး။ သူက ဒီလူဟာ အသိစိတ်မဲ့စွာနဲ့ရပ်နေတာကိုတွေ့လိုက်တာကြောင့် တီးတိုးပြောလိုက်တယ်။
"မင်း မဝင်ဘူးလား?"

သူက ဆရာဝန်ရဲ့မျက်နှာကို မတွေ့ရသေးပေမယ့် 'ယုံကြည်စိတ်ချရမှုမရှိ'ဆိုတဲ့ ပြင်းထန်တဲ့လေထုကို အာရုံခံစားမိနေပါပြီ။ သူ ပြန်မဖြေရသေးခင် အထဲကကနေ ဖော်ရွေတဲ့အသံတစ်သံ ထွက်လာတယ်။
"အပြင်မှာ လူနာတွေ တန်းစီနေတာလား? ကျေးဇူးပြုပြီးဝင်လာခဲ့ပါ။ ဒီနေရာမှာ မင်းတို့ စာရင်းသွင်းစရာမလိုအပ်ပါဘူး"

ရှောင်လီ, "......."

ရှန်ချန်ကျီးက ပြောလေတယ်။ "ဝင်သွားပြီး ဆေးရည်တချို့ လိမ်းရုံပဲ။ ခွဲစိတ်ကုသစရာ မလိုအပ်ဘူး"

ရှန်ချန်ကျီးက ဆေးခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ ရှောင်လီက သူ့လက်ကောက်ဝတ်ကိုကြည့်လိုက်တော့ တစ်ဖက်လူရဲ့လက်ကောက်ဝတ်မှာ တူညီတဲ့ အနာရွတ်တစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်။ ရှောင်လီ့ လှုပ်ရှားမှုတွေက ခတ္တရပ်တန့်သွားပြီးနောက် ရှန်ချန်ကျီးနောက်လိုက်ပြီး ဆေးခန်းထဲ ဝင်သွားလိုက်လေတယ်။

သူတို့တွေက တံခါးမှာရှိတဲ့လိုက်ကာနောက်ကို ဝင်သွားတော့ ဆရာဝန်အသစ်က ဘယ်လိုပုံလဲဆိုတာကို တွေ့လိုက်ရတယ်။ သူက အနက်ရောင်ကုတ်ကို ဝတ်ဆင်ထားပြိး ငှက်နှုတ်သီးပုံမျက်နှာဖုံးကို တပ်ဆင်ထားတယ်။ သူ့ပါးစပ်က အရှေ့ကို ငေါထွက်နေပြီး သူ့ခေါင်းပေါ်မှာ အနေတော်ဦးထုပ်တစ်လုံး ဆောင်းထားလေတယ်။ သူ့မျက်လုံးတွေက အောက်ခြေမရှိတဲ့အနက်ရောင်တွင်းပေါက်လိုမျိုးဖြစ်ပြီး သူက လက်အိတ်ဝတ်ထားတယ်။ သူ့ရင်ဘက်မှာ နာမည်ကဒ်ပြားတစ်ပြား ချိတ်ထားတယ် : Dr J(scp-049-j)

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now