Unicode
ကျိုးရင်က ရှောင်လီကို တခြားအလွှာမှာရှိတဲ့ သူ့အိပ်ဆောင်ဆီ ခေါ်သွားတယ်။ ကျိုးရင်ရပ်လိုက်တဲ့နေရာကလွဲလို့ အခန်းတွေအကုန်လုံးက အတူတူပါပဲ။ အဲ့ဒါကို သင်္ကေတလို့တောင် အတိအကျခေါ်လို့မရဘူး။ အဲ့ဒါက နံရံအပြည့်ရှိနေပြီး ကြောက်စရာကောင်းတဲ့အရောင်နဲ့ ပန်းချီဆွဲထားတာနဲ့တူလေတယ်။
အဓိကအစိတ်အပိုင်းက တိုင်းတာတဲ့ချိန်ခွင်တစ်ခုပဲ။ ချိန်ခွင်ဘယ်ဘက်ပိုင်းမှာ သေးငယ်ပြီးလုံးဝိုင်းတဲ့ပုံအရာဝတ္ထုတစ်ခုဖြစ်ပြီး ညာဘက်အဆုံးမှာ မရေမတွက်နိုင်တဲ့ နှလုံးသားတွေ ရှိနေတယ်။ နှလုံးသားရှိနေတဲ့ဘက်ခြမ်းမှာ အနီရောင်ကိုသုံးပြီးသွေးနဲ့ခြယ်သထားတယ်။ အနက်ရောင်ခြယ်သထားတဲ့ လူနှစ်ယောက်က နှလုံးသားတွေရှေ့မှာ ဒူးထောက်နေပြီး ဒါက ချိန်ခွင်ရဲ့ဘယ်နဲ့ညာစွန်းကို သိမ်မွေ့တဲ့နှစ်ဖက်ညီမျှမှုဖြစ်စေတယ်။ ချိန်ခွင်တစ်ခုလုံးရဲ့အပေါ်မှာ တြိဂံနှစ်ခုရှိပြီး ချိန်ခွင်အောက်မှာ ပါးလွှာတဲ့မျည်းကြောင်းတွေ ရှိနေတယ်။
ချိန်ခွင်က စည်းမျည်းတစ်ခုကို ကိုယ်စားပြုသလား? ဒီတြိဂံနှစ်ခုက ဖူကျိကဲနဲ့ ကျွေ့ထျန်းတို့အသိီးသီးတွေ့ခဲ့ရတဲ့ သင်္ကေတတွေနဲ့ တူလေတယ်...
သူတို့တွေအရင်က အခန်းတွေကိုလိုက်စစ်ဆေးတုန်းက ဒီပန်းချီကားမရှိတာ အသိသာကြီးပါပဲ။
ရှောင်လီက ပန်းချီကားဆီ နီးနီးကပ်ကပ် ကပ်သွားလိုက်ပြီး သူ့လက်ချောင်းတွေနဲ့ အစွန်းတွေကို ပွတ်ကြည့်လိုက်တယ်။ သူ့လက်မှာ ဆေးတချို့စွန်းထင်းသွားပြီး ဒီပန်းချီကားဆွဲပြီးတာ သိပ်မကြာသေးကြောင်း သက်သေပြနေတယ်။ သူ့ရှေ့က ပန်းချီကားကို တစ်ခဏလောက် တိတ်တဆိတ် စိုက်ကြည့်နေတယ်။
ကျိုးရင်က သူ့ဘေးမှာရပ်ရင်း ဂုဏ်ယူစွာနဲ့ ပြောတယ်။
"ဒီပန်းချီကားနောက်က လျှို့ဝှက်ချက်ကို ငါ အောင်အောင်မြင်မြင်နဲ့ ကျိုးကြောင်းဆက်စပ်ထားတာ ရှိတယ်။ အဲ့ဒါက နောက်ခံနဲ့ အပြင်ထွက်မယ့်သဲလွန်စလို့ ငါထင်တယ်။ ချိန်ခွင်က ဒီအကျဉ်းထောင်ရဲ့ သင်္ကေတ ဖြစ်လောက်တယ်။ ငါတို့ အပြင်ထွက်ချင်ရင် ငါတို့တွေ စက်ဝိုင်းပုံအရာဝတ္ထုကိုရှာပြီး တာဝန်ကိုအောင်မြင်ဖို့ အလဲအလှယ်အနေတဲ့ အသုံးပြုရမယ်"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Kinh dịငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...