Unicode
အဆုံးမှာတော့ ရှောင်လီက ဆန်းချီလင်နဲ့ ထန်းဟွချင်တို့ကြားထဲဝင်ဖို့ ကျရှုံးခဲ့တယ်။ သူ ရောက်လာပြီးနောက် သူတို့နှစ်ယောက်ဟာ ယဉ်ယဉ်ကျေးကျေးစကားတွေသာ ပြောကြတော့တယ်။
ဥပမာ :
ဆန်းချီလင်က ရေရွတ်တယ်။ "မိုးက ဘယ်တော့မှရပ်မလဲဆိုတာ မသိတော့ပါဘူး"
ထန်းက ပြန်ဖြေတယ်။ "ရပ်သွားမလားဆိုတာကိုသာ မင်း စိုးရိမ်နေသင့်တယ်"
"မစ္စတာထန်း၊ ဟာသပြောနေတာ ရပ်လိုက်ပါတော့။ ရပ်သွားဖို့က မလွှဲမသွေပါပဲ။ မိုးရွာတာ ရပ်သွားပြီးရင်ကမ္ဘာကြီးမှာ မတူညီတာတွေ ရှိလာတယ်"
"........."
ရှောင်လီက ဘယ်ကြည့်လိုက် ညာကြည့်လိုက်နဲ့ ပျင်းရိလာတယ်။ သူက သူတို့ရဲ့ယဉ်ယဉ်ကျေးကျေးစကားတွေကို ခဏသာနားထောင်ပြီး ထွက်သွားဖို့ စီစဉ်လိုက်တယ်။ ကံကောင်းစွာနဲ့ သူ မထွက်ခွါခင် ထန်းဟွချင်က ဆန်းချီလင်ကို လာရှာတဲ့ သူ့ရည်ရွယ်ချက်ကို ဒီတစ်ကြိမ်အတွက် လက်လျှော့လိုက်တယ်။ သူက ထွက်သွားဖို့ အစပြုပြောလိုက်ပြီး ဆန်းချီလင်လိုက်ပို့မှာကို ငြင်းဆန်လိုက်တယ်။
ဆန်းချီလင်နဲ့ ရှောင်လီတို့နှစ်ယောက်ထဲသာ ကျန်နေခဲ့တယ်။ သူကလှည့်လာပြီး ရှောင်လီ့ကို ဂရုတစိုက်ကြည့်လိုက်တယ်။ ထို့နောက် သူက ယဉ်ကျေးစွာပြောလေတယ်။
"သွားကြစို့။ ငါ မင်းကို ပြန်ပို့ပေးမယ်။ ဝမ်ဟွိုင်နဲ့တခြားလူတွေ ပြန်ရောက်နေလောက်ပြီ"
"ငါ့ကို လိုက်ပို့စရာမလိုပါဘူး။ ပြန်မယ့်လမ်းကို မှတ်မိတယ်"
ဆန်းချီလင်က တခဏလောက် နင်သွားတယ်။ တစ်ဖက်လူက ခေါင်းစဉ်တစ်ခုကိုသတ်ရာမှာ အတော်ဆုံးပါပဲ။ သူ ဘာမှမစဉ်းစားနိုင်သေးခင်မှာပဲ ရှောင်လီက မေးခွန်းထပ်မေးတာကို ကြားလိုက်ရတယ်။
"ထန်းဟွချင်က မင်းကို တရားသူကြီးအဖွဲ့မှာ ပါဝင်စေချင်နေတာ မဟုတ်လား?"
ဆမ်းချီလင် : "......."
သူ ခန့်မှန်းမိတယ်ဆိုရင်တောင်မှ အဲ့လို တိုက်ရိုက်ကြီးမေးစရာမလိုဘူးလေ။ ဟုတ်ပြီလား? သူက တခဏလောက်တွေဝေသွားပေမယ့် ရိုးသားစွာပဲ ပြန်ဖြေလိုက်ပါတယ်။
"ဟုတ်တယ်။ ငါ ငြင်းလိုက်တယ်။ နတ်ဘုရားတွေရဲ့ကြားထဲက ကစားပွဲမှာ ငါ မပါဝင်ချင်ဘူး။ ငါ သိသလောက်တော့ မရဏနတ်ဘုရားက သူ့နောက်လိုက်တွေအပေါ်မှာ မကောင်းဘူးတဲ့။ အောင်မြင်ပြီးတဲ့နောက် သူ မျက်နှာလွှဲဖို့ဆိုတာ အတော်လေးဖြစ်နိုင်တယ်"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
