Unicode
လီယန်စူးစူးက အံ့အားသင့်သွားပြီး အော်လိုက်တယ်။ "မင်းဘာရယ်နေတာလဲ?"
ရွှေမြောင်က ရယ်မောနေတာကို ရပ်တန့်လိုက်တယ်။ သူမက ရုတ်တရက် မတ်မတ်ရပ်လိုက်ပြီး သူမဆံပင်တွေက သူမမျက်နှာကို ဖုံးအုပ်နေတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။
မူလတုန်းက ရွှေမြောင်ရဲ့ဆံပင်တွေက ထောင့်ဖြတ်ပုံစံညှပ်ထားတာကြောင့် ပင်လယ်လို စီးကျနေတယ်။ အဲ့ဒါက တကယ့်ကို မိုက်ပြီး အရမ်းလှတယ်။ အခု သူမရဲ့ဖြောင့်တန်းတဲ့ဆံပင်တွေက သူမမျက်မှာကို ဖုံးအုပ်ထားတော့ တကယ့်ကို ရူးသွပ်နေတဲ့လူနဲ့ တူတယ်။ သူမရဲ့ဖရိုဖရဲဆံပင်တွေက သူမကို သရဲကားထဲက Kayako Saeki လို သရဲမလို့ လီယန်စူးစူးကို ထင်မိစေတယ်။
လီယန်စူးစူးက သူမထိုင်ခုံပေါ်ကနေ ပြုတ်ကျလုနီးပါးပါပဲ။ သူမရှေ့က ပန်းကန်ပြားကို တွန်းထုတ်လိုက်ပြီး အံ့ဩမင်တတ်နေတယ်။
"ရွှေ-ရွှေမြောင်?"
သူမက ရွှေမြောင်နားကို လုံးဝကပ်မသွားရဲပေမယ့် ရွှေမြောင်အဝေးမှာပဲနေ,နေရင် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေကြတဲ့ Netizen တွေရဲ့ပြစ်တင်မှုကို လုံးဝခံရမှာပဲ။ အဆုံးမှာတော့ သူမက အလျှော့ပေးဖို့ ရွေးချယ်လိုက်တယ်။
"မင်း အဆင်ပြေလား? ဘာဖြစ်နေတာလဲ?"
ရွှေမြောင်က လုံးဝနားမကြားသူလို ပြောင်းလဲသွားတယ်။ သူမရဲ့တူကို ပန်းကန်ဆီလွှင့်ပစ်လိုက်ပြီး သူမမျက်လုံးတွေကို ကာလိုက်တယ်။
"Ah, hehehehehe"
ပထမအသံက အာခေါင်ခြစ်အော်သံလို့ ခေါ်လို့ရတဘ်။ အဲ့ဒါက နှလုံးပေါက်ထွက်မတတ်အော်သံပါပဲ။ သို့သော်လည်း အော်သံက တခဏလေးသာကြာတယ်။ နောက်တစ်စက္ကန့်မှာပဲ ရွှေမြောင်က ထူးထူးဆန်းဆန်းရယ်မောလိုက်တယ်။ လီယန်စူးစူးက ဒါကို ကြားတော့ အေးစက်မှုကို ခံစားလိုက်ရတယ်။ ရွှေမြောင်က ဟာသလုပ်နေပုံမပေါ်ပေမယ့် သူမက သူမရဲ့ရုပ်ဆိုးပြီးကြောက်လန့်နေပုံကို အင်တာနက်မှာ ပြန့်သွားမှာကြောက်လို့ အနားမသွားရဲပါဘူး။
"ဒါရိုက်တာ? ဝန်ထမ်းအဖွဲ့သားတွေ? နင်တို့ ဘယ်မှာလဲ?"
လီယန်စူးစူးက ကျယ်ကျယ်လောင်လောင်အော်လိုက်ပြီး ရွှေမြောင်နဲ့ သိပ်မဝေးတဲ့နေရာမှာ ရပ်မနေပါဘူး။ သူမက ဂရုတစိုက်ချည်းကပ်သွားပြီး မေးလိုက်တယ်။
"ရွှေမြောင်? ဒီကိုလာပြီးနောက် ဖိအားတွေ အရမ်းများလွန်းလို့လား? မင်း ဘာလို့ အနားမယူတာလဲ?"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
