Unicode
သူ့ရှေ့မှာရှိတဲ့ဖူကျိကဲနှင့် မကောင်းဆိုးဝါးဟာ တစ်ပြိုင်နက်တည်း နောက်ဆုတ်လိုက်ကြတယ်။ မကောင်းဆိုးဝါးဟာ သူ့ရဲ့ခြေထောက်တိုတိုလေးတွေနဲ့ ဒါဏ်ရာရနေတဲ့နားရွက်ကို ကုတ်လိုက်ပေမယ့် နာကျင်မှုကို မရပ်တန့်နိုင်ပါဘူး။ သူ့ရဲ့စားချင်တဲ့ဆန္ဒဟာ ပျောက်ကွယ်သွားတော့တယ်။ ကြမ်းပြင်ပေါ်က မကောင်းဆိုးဝါးဟာ ဆန့်ကျင်ဘက်အရပ်ကို ပြေးထွက်သွားတယ်။
ဖူကျိကဲက အော်ဟစ်ရင်းနဲ့ပဲ ထိတ်ထိတ်ပြာပြာပြန်လှည့်ပြေးလာတယ်။
"ကယ်ကြပါဦး။ ahhhhh—"သူက ထောင့်ချိုးနံရံနဲ့ရိုက်မိပြီး တုန်လှုပ်စွာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ ရှောင်လီက နားပိတ်ထားတာကိုမဖယ်ရှားရသေးခင် မိုက်ကရိုဖုန်းကိုကောက်ယူပြီး သူ့အိတ်ကပ်ထဲက ဆံပင်ရှည်တစ်ထွေး ထွက်လာတယ်။ ဆံပင်တွေက လူတွေရဲ့လက်ချောင်းလို ကျွမ်းကျင်စွာနဲ့ မိုက်ကရိုဖုန်းခလုတ်ကို ပိတ်လိုက်တယ်။ ဆူညံသံက ချက်ချင်းရပ်တန့်သွားပြီး ကမ္ဘာပေါ်ကို တိတ်ဆိတ်မှုက တစ်ဖန်ပြန်လည်ရောက်ရှိလာတယ်။
ရှောင်လီက ဖူကျိကဲကို ကောက်မထားတယ်။ မိုက်ကရိုဖုန်းက သူ့လက်ထဲမှာလှဲလျောင်းနေရင်း သူ့ဘာသာဖွင့်တဲ့ခလုတ်ကိုဖွင့်လိုက်ပြီး ဒေါသထွက်စွာ ပြောလိုက်တယ်။
"ငါ သေလောက်အောင် ကြောက်သွားခဲ့တာ"ဖူကျိကဲက ခုလေးတင်အော်ဟစ်ခဲ့ရတာကြောင့် သူ့အသံက အရင်ကထပ်ပိုပြီး အက်ကွဲနေတယ်။ ရှောင်လီက သူ့ကိုတစ်ခါတည်း တိုက်ရိုက်ပြန်သိမ်းလိုက်ချင်ပေမယ့် ဖူကျိကဲကိုအဲ့လိုပုံစံနဲ့ သူတွေ့တော့ ကြိုးစားနှစ်သိမ့်ပေးလိုက်တယ်။
"ကောင်းကောင်းလုပ်ခဲ့တယ်"မိုက်ကရိုဖုန်းက ရှောင်လီ့လက်ထဲမှာလှည့်လိုက်ပြီး ရှောင်လီ့ဆီ မိုက်ထိုးပေးတယ်။
... သူ့ကို ပိုပြီး ချီးကျူးစကားပြောပေးရဦးမှာလား?
ရှောင်လီက တစ်ခဏလောက်စဉ်းစားလိုက်ပေမယ့် သူ့ကိုချီးကျူးဖို့ စကားရှာမရပေ။ ရှောင်လီက မိုက်ကရိုဖုန်းကိုကိုင်မြှောက်ပြီး ဘယ်နှင့်ညာကိုကြည့်ကာ ရှန်ချန်ကျီးနဲ့ ဝမ်ဝမ်ဝမ်ကနေ ဝမ်ဝမ်ဝမ်ကို ရွေးချယ်လိုက်တယ်။ အဓိကအကြောင်းပြချက်ကတော့ အဲ့ဒီလူဟာ သူ့အတန်းဖော်ထပ်တောင် ပိုပြီးချဲ့ကားမြှောက်ပင့်နိုင်စွမ်းရှိလို့ပါပဲ။

YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...