206: Vol 15: 18

4.9K 815 32
                                        

Unicode

ရှောင်လီ ပြောခဲ့တဲ့နေရာက မနေ့က သူသွားခဲ့တဲ့ ခရစ်ယန်ဘုရှားရှိခိုးကျောင်းပါပဲ။ အဲ့ဒါက ဝမ်ဝမ်ဝမ်ရဲ့မြေပုံထဲက အမိုးခုံးနဲ့ရဲတိုက်ရဲ့ မျက်စောင်းထိုးမှာရှိနေတယ်။ တခြားအကြောင်းပြချက်တော့ မရှိပါဘူး။ အထိုက်အလျောက်တော့ ဘုရားကျောင်းနဲ့ ခရစ်ယန်ဘုရားရှိခိုးကျောင်းနဲ့က တူညီတဲ့နေရာတွေပဲလေ။ လူခြင်္သေ့နဲ့နေရာက အဲ့နေရာမှာ ရှိနေလောက်ပါတယ်။

အဲ့ဒါက အပေါ်မှာ လက်ဝါးကပ်တိုင်နဲ့ ရဲတိုက်တစ်ခုပါပဲ။ အဆောက်အဦးတစ်ခုလုံးကို မီးခိုးရောင်အုတ်နဲ့တည်ဆောက်ထားတယ်။ လူတွေရဲ့စိတ်ကူးထဲက ခမ်းနားလှတဲ့ရဲတိုက်နဲ့မတူညီစွာ ဒီရဲတိုက်ဟာ အတော်လေး စိတ်မချမ်းမြေ့စရာကောင်းလှတယ်။ ရဲတိုက်နဲ့စာရင် အကျဉ်းသားတွေကို အပြစ်ပေးတဲ့နေရာနဲ့ ပိုတူလေတယ်။

ဟောကိန်းထဲက 'ပထမဆုံးရောင်ခြည်'နဲ့ တွေ့ဆုံရဖို့ ရှောင်လီဟာ မူလတုန်းက နာရီနှိုးစက်ပေးထားခဲ့တယ်။ သို့သော်လည်း ကျင်းဟန်တုန်နဲ့ကိစ္စတွေဖြစ်လို့ နာရီနှိုးစက်မမြည်ခင် လူတိုင်းအခေါ်ခံလိုက်ရတာဖြစ်တယ်။ အဲ့ဒါကြောင့် သူက ဒီကိုလာဖို့ အခွင့်အရေးရသွားခဲ့တယ်။ မြို့တစ်မြို့လုံးက အိပ်ပျော်နေဆဲပဲ။ လေက ပြင်းထန်နေပြီး အမှောင်ထုထဲမှာ လူတွေရဲ့မျက်နှာကို ဖုန်တွေတိုက်ခတ်နေတယ်။

ရှောင်လီက တိတ်ဆိတ်စွာပဲ သူ့ရဲ့ဝတ်ရုံနဲ့ဦးထုပ်ကို ဆောင်းလိုက်တယ်။ သူ့ပါးစပ်နဲ့နှာခေါင်းကို လက်နဲ့ကာပြီး လမ်းလျှောက်ရင်း အသက်ကို နည်းနည်းလေးပဲ ရှုနေရတယ်။ တံခါးမှာ ဘယ်သူမှမရှိသလို သော့လည်း မခတ်ထားပါဘူး။ ဒါက လူတိုင်း အဝင်အထွက်လုပ်နိုင်တဲ့ ကျပမ်းနေရာနဲ့ တူနေတယ်။ ရှောင်လီက သူ့လက်ကို တံခါးမှာထားပြီး အလွယ်တကူပဲ တွန်းဖွင့်လို့ ရခဲ့တယ်။

ရဲတိုက်ရဲ့အထဲမှာ အလွတ်ကြီး ဖြစ်တယ်။ လှေကားက စက်ဝိုင်းပုံဖြစ်ပြီး အဆောက်အဦးမှာ မြွေတစ်ကောင်လိမ်ယှက်နေသလို အဝိုင်းလိုက် အဝိုင်းလိုက် တတ်သွားတယ်။ လှေကားရဲ့လက်ရန်းမှာ ပန်းပုရုပ်တွေ အလှဆင်ထွင်းထုထားတယ်။ ရှောင်လီက အနီးကပ်ကြည့်လိုက်တော့ အဆပေါင်းများစွာခြုံ့ထားတဲ့ လူခြင်္သေ့ရုပ်ထု ဖြစ်တာ တွေ့လိုက်ရတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now