211: Vol 15: 23

3.3K 647 13
                                    

Unicode

'တားမြစ်ချက်'ဆိုတဲ့ ပိုစတာက အတော်လေးထူးဆန်းတယ်။ 'ချောင်းကြည့်ခြင်း' နှင့် 'သေခြင်း' အတွက် ကြောက်စရာရုပ်ရှင်ပိုစတာလိုမျိုး မဟုတ်ပေ။ သူက ထူးခြားတယ်။ ပိုစတာအရောင်က အနက်ရောင်ဖြစ်ပြီး မီးခိုးရောင်ကောင်းကင်အောက်မှာ ပင်လယ်တစ်ခုရှိကာ ပင်လယ်က တည်ငြိမ်နေတယ်။

ပင်လယ်ရဲ့အလယ်မှာ သေးငယ်တဲ့ရေခဲတောင်တစ်ခုရှိတယ်။ ရေခဲတောင်က ကြည်လင်နေပြီး ပင်လယ်ပေါ်ကို သံလျှပ်လို လင်းလက်တောက်ပမှုက အလင်းပြန်နေတယ်။ သို့သော်လည်း ပင်လယ်ရေပြင်အောက်မှာ ရေခဲတောင်ရဲ့ အလယ်ပိုင်းနဲ့ အောက်ခြေပိုင်းမဟုတ်ပဲ မြို့ငယ်လေးတစ်မြို့ဖြစ်နေတယ်။ မြို့က အစပေါင်းများစွာအကျဉ်းချုပ်ထားတဲ့ ပုံစံငယ်လေးတစ်ခုလို အရမ်းကို အသေးစိတ်ကျလေတယ်။ အိမ်တွေထဲမှာ အလင်းရောင်ရှိပြီး မြို့ပတ်ပတ်လည်မှာ လူတွေ လမ်းလျှောက်နေကြတယ်။

မြို့ငယ်လေးနဲ့ပတ်သတ်ပြီး ဘာမှမှားနေတာ မရှိပေ။ ပထမအကြည့်တစ်ချက်မှာ အနည်းငယ်တောင် နွေးထွေးနေပါသေးတယ်။ သို့သော်လည်း ပိုစတာပေါ်မှာ အဲ့ဒါက ပင်လယ်ရေမျက်နှာပြင်အောက် ရေခဲတောင်အောက်မှာ ဖိထားခံရတယ်။ အကန့်အသတ်မဲ့နက်ရှိုင်းတဲ့ပင်လယ်အောက်ခြေမှာ အနားတစ်ဝိုက်ပူပေါင်းထနေတာမျိုးမရှိသလို ပင်လယ်နေသက်ရှိတွေလည်း ရှိမနေပါဘူး။

ဝမ်ဝမ်ဝမ်က တင်းကြပ်မှုခံစားလိုက်ရတယ်။ သူနဲ့အတူသယ်လာတဲ့ မြို့မြေပုံကိုဆွဲထုတ်ပြီး နှိုင်းယှဉ်ကြည့်ဖို့အတွက် ပိုစတာဘေးမှာ ထားလိုက်တယ်။ ထို့နောက် သူက နက်ရှိုင်းတဲ့အသံနဲ့ ထုတ်ဖော်ပြောလိုက်လေတယ်။
"ဒီမြို့ရဲ့တည်ဆောက်ပုံက စတိုင်လန်းမြို့နဲ့တူတူပဲ!"

ဘရုစ်က ထပ်ပေါင်းပြောလိုက်တယ်။
"သဲလွန်စတွေက အားလုံးရှုပ်ထွေးနေတယ်လို့ ငါခံစားရတယ်။ နေရာတိုင်းမှာ သဲလွန်စတွေရှိနေနိုင်သလို နေရာတိုင်းက အသက်ရှင်သန်မယ့်လမ်းကြောင်းဖြစ်နေပုံရပေမယ့် အတူတူစုစည်းလိုက်တော့ ချည်ခင်လုံးတစ်လုံးနဲ့တူနေတယ်။ အဲ့ဒါကိုဖြည်ဖို့ နေရာမှန်ကို ငါ ရှာမတွေ့ဘူး"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now