Unicode
ရှောင်တူက သူမကိုယ်တိုင်တပ်ဆင်ထားတဲ့နံရံကပ်စက္ကူကို ထိတ်လန့်စွာကြည့်လိုက်တယ်။ ထို့နောက် ကွဲနေတဲ့ တီဗီစင်နဲ့ ကြမ်းပြင်ကိုကြည့်ပြီး နောက်ဆုံး သူမအကြည့်က ဆိုဖာရဲ့ဘယ်ဘက်ခြမ်းပေါ်ရောက်သွားတယ်။ နတ်ဆိုးဝိဥာဉ်အဖြစ်နဲ့ ရှောင်တူဟာ ကိုယ်ပျောက်သတ္တဝါကို မတွေ့ရပေမယ့် သူမရဲ့စွမ်းရည်နဲ့ သတိပြုမိပါသေးတယ်။
ဆိုဖာပေါ်မှာထိုင်နေတဲ့ ကိုယ်ပျောက်သတ္တဝါဟာ အံ့ဩမင်တတ်သွားတယ်။ သူက လျှင်မြန်စွာပဲ သူ့ရှေ့မှာ မိန်းမငယ်လေးတစ်ယောက်က သူမလက်သီးကိုဆုတ်ထားပြီး တစ်ယောက်ယောက်ကို ထိုးကြိတ်ချင်နေတာကို သတိပြုမိတယ်။ သူ အဖမ်းခံရလို့မဖြစ်ပါဘူး။ လွတ်မြောက်မယ့်နည်းလမ်းရှာရမယ်။
ကိုယ်ပျောက်သတ္တဝါက အော်ဟစ်ပြီး ဆိုဖာပေါ်ကခုန်ထကာ တံခါးဆန့်ကျင်ဘက်မှာရှိနေတဲ့ ပြတင်းပေါက်ဆီပြေးသွားလိုက်တယ်။ သူက အပြင်ထွက်လို့ရအောင် ပြတင်းပေါက်ကို ရိုက်ခွဲဖို့ကြိုးစားနေတယ်။ သို့သော်လည်း ပရိဘောဂတွေရဲ့အရည်အသွေးကသာ သိပ်မကောင်းပေမယ့် နတ်ဆိုးစွမ်းအားတွေဝန်းရံနေတဲ့ ပြတင်းပေါက်နဲ့တံခါးကတော့ ဘယ်လိုလုပ်ပြီး လွယ်လွယ်ချိုးဖြတ်လို့ ရပါ့မလဲ?
၎င်းက မှန်ကိုမရိုက်ခွဲနိုင်တာကြောင့် သူ့ဘာသာပြန်ပြီး နောက်ဆုတ်လိုက်တယ််။ အစောပိုင်းတုန်းက တံခါးကိုတိုက်တုန်းကထပ်ပိုပြီး မူးနောက်နောက်ခံစားလိုက်ရတယ်။ ကိုယ်ပျောက်သတ္တဝါက ပြတင်းပေါက်ကနေပြုတ်ကျသွားကာ စားပွဲပေါ်ကို ထပ်ပြီး ချေမွမိပြန်တယ််။
"... တော်လောက်ပြီ!"
ရှောင်တူရဲ့မျက်နှာဟာ မကြုံဖူးလောက်အောင် မဲမှောင်နေပါပြီ။ သူမက လက်လှမ်းပြီး လေထုကို ဆွဲဆိတ်လိုက်တယ်။ ထို့နောက် ကိုယ်ပျောက်သတ္တဝါကို ဦးတည်နေတဲ့ အားတစ်ခု ထွက်ပေါ်လာတယ်။
ဒီသတ္တဝါက သူမအိမ်ထဲမှာ ဘာအကြောင်းပြချက်မှမရှိပဲ ပေါ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ သူမပေးခဲ့တဲ့ တစ်ခုတည်းသောသော့က လင်းရှီတောင်ပုံတူကမ္ဘာရဲ့စည်းမျည်းကြောင့် လက်ဆင့်ကမ်းပေးလိုက်ရတဲ့ အရံသော့ပဲ ရှိတယ်။ အရံသော့ပိုင်ရှင်က ဟာကရူးလ်လို့ခေါ်ပြီး ရှားလော့နဲ့ Moriarty အဖြစ်လည်း လူသိများလေတယ်။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Ужасыငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
