237: Vol 16: 14

2.5K 563 38
                                    

Unicode

မီးပိတ်သွားပြီးနောက် မိနစ်အနည်းငယ်မှာ ရှောင်လီက အမူအရာကင်းမဲ့စွာ ရှိနေတုန်းပဲ။ သူက သူ့ဘယ်ဘက်နံရံကို တွေးတွေးဆဆပုံနဲ့ မှီလိုက်တယ်။ ဝမ်ဟွိုင်က သူ့ဘေးမှာ ရပ်နေတယ်။ ၃၀ စက္ကန့်ကြာပြီးနောက် သူက ပါးစပ်ဖွင့်ဟလာတယ်။
"ငါတိုတွေ ဒီအတိုင်း မတ်တပ်ရပ်နေရုံပဲလား?"

"ဟုတ်တယ်" ရှောင်လီက ရိုးရှင်းစွာ ပြန်ဖြေလိုက်တယ်။
"မင်း မော့စ်တို့နှစ်ယောက်ကို တွေ့ခဲ့လား?'

အစောပိုင်းတုန်းက သူနဲ့ကျိုးရင်မြင်ခဲ့တာတွေကို ဝမ်ဟွိုင်နဲတခြားလူတွေကို ပြန်ပြောခဲ့တယ်။ သူ့မှာ ကျိုးရင်နဲ့မတူတဲ့အမြင်ရှိခဲ့ပေမယ့် ပန်းချီကားတွေရဲ့အဓိကရည်ရွယ်ချက်ကို သူ မသေချာပါဘူး။ နောက်တော့ ဒီအရေးကြီးတဲ့တာဝန်ကို ဝမ်ဟွိုင်ဆီပဲ ရိုးရိုးရှင်းရှင်း လက်လွှဲပေးခဲ့တယ်။

ဝမ်ဟွိုင်က သူ့ခေါင်းကို ခါလိုက်တယ်။
"ဟင့်အင်း။ ငါ နောက်ယောင်ခံလိုက်တဲ့ item ကို သုံးခဲ့ပေမယ့် ကျရှုံးခဲ့တယ်"

"ဖြစ်နိုင်ချေ သုံးခုရှိတယ်။ နံပါတ််တစ်၊ သူတို့တွေက နောက်ယောင်ခံလိုက်တာကိုကာကွယ်တဲ့ item သုံးထားလို့။ နံပါတ်နှစ်၊ သူတို့ ဒီနေရာက ထွက်သွားပြီ။ နံပါတ်သုံး၊ သူတို့ကို လွှမ်းခြုံထားတဲ့ တစ်ခြားစွမ်းအားအမျိုးအစားတစ်ခု ရှိနေလို့"

ရှောင်လီက ဒါကိုကြားတော့ မဆီမဆိုင်မေးခွန်းတစ်ခုကို မေးလိုက်တယ်။
"မင်း သုံးခဲ့တာ နောက်ယောင်ခံလိုက်တဲ့ ဘာ item အမျိုးအစားလဲ?"

"... ဝီစီတစ်ခု" ဝမ်ဟွိုင်က ရှင်းပြတယ်။
"ဝီစီထဲမှာ ခွေးတစ်ကောင်ရဲ့ဝိဥာဉ် ရှိနေတယ်။ မသေခင်တုန်းက သူဟာ ရဲခွေးတစ်ကောင် ဖြစ်ခဲ့တယ်။ သေပြီးနောက်တော့ သူ့အနံ့ခံအာရုံက ပိုပြီးထက်ရှလာတယ်။ သူက ဘယ်အရာမဆို အနံ့ခံနိုင်ပြီး တစ်ဖက်လူကို ကိုက်နိုင်တယ်"

item နဲပတ်သတ်တဲ့သူ့ဗဟုသုတတွေက တိုးတတ်လာတယ်။ ရှောင်လီက သဘောကျစွာနားထောင်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

"ငါ့မှာ မကောင်းတဲ့ခံစားချက်တစ်ခု ရှိနေတယ်။ ရှားလော့၊ မင်း မော့စ်ကို မသိဘူး..."
ဝမ်ဟွိုင်က သူတို့ပြောနေတဲ့ခေါင်းစဉ်ကို ပြန်ရောက်သွားပြီး မျက်မှောင်ကြုပ်လိုက်တယ်။
"သူက အရမ်းကို သိသာနေတယ်။ သူ့ အခုအပြုအမူတွေက သူ့ပုံမှန်ပုံနဲ့ အရမ်းကို ကွဲပြားခြားနားနေတယ်။ ဒီပန်းချီကားတွေနဲ့ပေါင်းစပ်လိုက်ရင် သူတို့တွေ တစ်ခုခုကြီးမားတာလုပ်ဖို့ စီစဉ်နေတယ်လို့ ငါထင်တယ်"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now