265: Vol 17: 22

2.2K 447 12
                                    

Unicode

ဒီကိုကူညီဖို့ရောက်လာတဲ့ ကူးပြောင်းဝင်ရောက်သူပထမအသုတ်က သေးငယ်ပေမယ့် ဆိပ်ကမ်းပေါ်က အနက်ဝတ်လူတွေရဲ့ဖွဲ့စည်းမှုကို ဖြိုခွဲနိုင်ပါသေးတယ်။

ပထမတော့ အော်သံတွေ တိုက်ခိုက်သံတွေ ထွက်ပေါ်နေတယ်။ ထို့နောက် အနက်ဝတ်လူတွေဆီကနေ လေချွန်သံတွေ ထွက်ပေါ်လာလေတယ်။ တနေရာကနေ ဖျော့တော့တဲ့သွေးနံ့က ပျံ့လွင့်လာပြီး ပင်လယ်နံ့က လွှမ်းခြုံလာတယ်။ များပြားလှတဲ့အရိပ်နက်တွေ ပြေးထွက်လာပြီး အပြင်လူတွေကိုဖိနှိပ်ကာ သူတို့ကို အန္တရာယ်ဖြစ်စေခဲ့တယ်။

ဒီအရှုပ်အထွေးတွေကြားထဲကနေ ကျူးရိထင်ရဲ့အသံက စူးရှာစွာဖောက်ထွက်လာတယ်။
"Damn. ဒါတွေက ဘာတွေလဲ? ငါ့ရဲ့ မဟော်ဂနီးဓါး item က ဘာလို့ အကျိုးမသက်ရောက်တော့တာလဲ?"

"အဲ့ဒါက အဆိပ်အတောက်တွေ" ရုန်ချန်းက ပြန်ဖြေလိုက်တယ်။
"သတိထား!"

သူ့သူငယ်ချင်းကို မြေပြင်ပေါ်ဆွဲချပြီး အနက်ဝတ်လူတွေနဲ့ဝေးရာကို လှိမ့်သွားလိုက်တယ်။ ကူးပြောင်းဝင်ရောက်သူတွေ ရှုံးနေစဉ်မှာပဲ အပြင်ဘက်မှာ ပိုပြီးဆူညံသံ ထွက်လာလေတယ်။

"ဒီမှာ—"

ကူးပြောင်းဝင်ရောက်သူတွေ တဖွဲဖွဲရောက်လာကာ ပူးပေါင်းပြီး အဖွဲ့က စွမ်းအားပိုကြီးလာတယ်။ ဒါက တရားသူကြီးရဲ့အနက်ဝတ်လူတွေကို ပိုပြီးကျဆင်းလာစေဖို့ ဦးတည်သွားတယ်။

ရှောင်လီက တစ္ဆေသင်္ဘောပေါ်ကနေ ဆိပ်ကမ်းပေါ် ခုန်ဆင်းလိုက်တယ်။ မကြာခင်မှာပဲ ဒီနားမှာရှိတဲ့ အနက်ဝတ်လူတွေက သူ့ကို သတိထားမိသွားတယ်။ သို့သော်လည်း အရုပ်လေးရဲ့ဆံပင်က ရေညှိလိုမျိုး မြေပြင်ပေါ်ဖုံးလွှမ်းသွားပြီး သူတို့ခြေချင်းဝတ်တွေကိုဆွဲကာ မြေပေါ် ကျစေလိုက်တယ်။ အဲ့ဒီအပြင် ရယ်ကျယ်ချင်းက ခုန်ဆင်းပြီး ပြေးထွက်လာတာကြောင့် သူတို့က ရှောင်လီ့ကို တိုက်ခိုက်ဖို့ အချိန်မရှိပါဘူး။

ရှောင်လီက ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ပြေးထွက်သွားလိုက်တယ်။ သူက ဆိပ်ကမ်းနဲ့အဝေးကိုရောက်သွားတော့ သူ့ရှေ့မှာ ကိုယ်ပိုင်ကားတွေ၊ စက်ဘီးတွေနဲ့ စကူတာတွေအများကြီးကို တွေ့လိုက်ရတယ်။ တချို့ကိုယ်ပိုင်ကားတွေက တံခါးဖွင့်လက်စနဲ့ သော့ထိုးထားရင်းတန်းလန်းတွေ ဖြစ်တယ်။ ကားပိုင်ရှင်က ကားရပ်တာနဲ့ တံခါးဖွင့်ပြီး ဒီတိုင်းပြေးထွက်လာပုံရတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now