208: Vol 15: 20

4.4K 736 2
                                        

Unicode

ဝမ်ဝမ်ဝမ်ပြန်ထပြီးတဲ့နောက် သူ့ကိုထောက်ပံနိုင်ဖို့အတွက် သူ့လက်ကို ဘရုစ်ပုခုံးပေါ်တင်ပြီး စတင်လမ်းလျှောက်လိုက်တယ်။

သူက ခြေလှမ်း၂လှမ်းတောင်မလှမ်းရသေးခင် မြူတွေကြားထဲမှာ သရဲတစ်ကောင်လို အနားမှာ လွင့်မျောနေပြီး ခြေသံတွေချည်းကပ်လာတယ်။ ခြေသံက အနည်းငယ်အလေးချိန်စီးပေမယ့် ပုံမှန်လူတွေရဲ့ အလေးချိန်မဟုတ်ဘူး။ အဲ့ဒါက ပုံမှန်နဲ့ ပုံမှန်မဟုတ်တာရဲ့ ကြားထဲက အပိုင်းအခြားတစ်ခု ဖြစ်တယ်။ မြူထဲမှာရှိနေတဲ့အရာက လူလား မကောင်းဆိုးဝါးလားဆိုတာ မသဲကွဲပါဘူး။

"ဘေးကနေပတ်သွား။ ငါတို့တွေ ဘယ်ဘက်ကလမ်းကနေ သွားလို့ရတယ်"
ဝမ်ဝမ်ဝမ်က သူ့လက်ကို ပြန်ရုတ်ပြီး အရှေ့ကို မမှိတ်မသုန်ကြည့်နေတယ်။

သူတို့က ချက်ချင်းလှည့်ပြီး ဝမ်ဝမ်ဝမ်ပြောတဲ့အရပ်ကို လျှောက်လိုက်တယ်။ ဒါပေမယ့် အဲ့ဒါက စောနတုန်းက ဦးတည်ရာနေရကသာလျင်မဟုတ်ပဲ သူတို့ ရှောင်လွှဲသွားချင်တဲ့ဘက်ကနေလည်း တူညီတဲ့ခြေသံတွေ လာနေပါတယ်။

တစ်ဖက်ခြမ်းနဲ့ မတူကွဲပြားတာက ဘယ်ကမှန်းမသိတဲ့လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သူတို့ရှေ့က ထူထဲနေတဲ့မြူတွေကို လွင့်သွားစေတာပါပဲ။ အဲ့နေရာကနေ ရပ်တန့်သွားတဲ့ကူးပြောင်းဝင်ရောက်သူတွေကို မျက််နှာချင်းဆိုင်ပြီး မျက်နှာတစ်ခု ပေါ်လာတယ်။

ကျင်းဟန်တုန်က ထိတ်လန့်စွာနဲ့စိုက်ကြည့်ရင်း အဲ့ဒီမျက်နှာဟာ အရမ်းရင်းနှီးနေမှန်း သတိထားမိသွားတယ်။ အဲ့မတိုင်မီက သူမဟာ သူနဲ့ တူတူထမင်းစားခဲ့ စကားတွေပြောခဲ့ပြီး အိမ်သေးသေးလေးထဲမှာ တူတူပဲနေထိုင် အိပ်စက်ခဲ့ကြတယ်။ သူက သေသွားတဲ့ ဟဲထျန်းပါပဲ။ သူက မြူခိုးတွေထဲပေါ်လာပြီး တဖြေးဖြေး ကူးပြောင်းဝင်ရောက်သူတွေနား ချည်းကပ်လာတယ်။

ဟဲထျန်းရဲ့မျက်လုံးတွေက ပွင့်နေတယ်။ သူ့ရဲ့ပြူးထွက်နေတဲ့မျက်လုံးတွေထဲမှာ အဖြူရောင်ပိုးကောင်တွေနဲ့ ပြည့်နှက်နေတယ်။ အဲ့ဒီပိုးမွှားကောင်တွေက မျက်လုံးအထဲမှာ မြုပ်ဝင်နေတယ်။ ခြေတစ်လှမ်းလှမ်းပြီးတဲ့နောက် သူတို့တွေက မျက်လုံးအိမ်ထဲကနေ ပြုတ်ကျလာပြီး သူ့ပေါ်မှာ တွန့်လိမ်ပြီး သွားနေတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now