269: Extra 1

4.4K 570 39
                                        

Unicode

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မိုးသည်းထန်စွာရွာသွန်းခဲ့တုန်းကနဲ့ ကွဲပြားခြားနားသွားပြီ ဖြစ်တယ်။ သေးငယ်ပေမယ့် နွေးထွေးပြီးသက်တောင့်သက်သာရှိတဲ့အခန်းလေးဟာ နေရောင်ခြည်လွှမ်းခြုံနေတယ်။ မူလကရှိနေတဲ့လိုက်ကာအထူကြီးဟာ ပွင့်နေပြီး အိပ်ရာပေါ်လှဲနေတဲ့လူအပါအဝင် အခန်းရဲ့ထောင့်ချိုးတိုင်းမှာ နေရောင်ဟာ ပျောက်တိပျောက်ကျား ထွန်းလင်းနေတယ်။

မိုးရွာတာရပ်တန့်ပြီးတဲ့နောက် ပထမဆုံးနေ့တုန်းက ဆူညံမှုတွေနဲ့စာရင် အခု အပြင်ဘက်မှာ တိတ်ဆိတ်နေတယ်။

ရှောင်လီက အိပ်ရာပေါ်မှာ တဝက်လှဲနေပြီး တခဏလောက် ပြတင်းပေါက်လသာဆောင်ကို မျက်စိမှေးပြီး ကြည့်နေတယ်။ သူ့ရဲ့ရှည်လျားတဲ့မျက်တောင်တွေက သူ့မျက်ဝန်းထဲကအိပ်ငိုက်နေမှုကို ဖုံးကွယ်ထားလေတယ်။ နောက်ဆုံး တစုံတယောက်က တံခါးကို တွန်းဖွင့်ဝင်လာချိန်ထိပါပဲ။ ရှန်ချန်ကျီးလက်ထဲမှာ ရေနွေးတခွက်ကိုင်ထားပြီး ဘေးမှာရှိတဲ့စားပွဲပေါ် ချလိုက်တယ်။

သူ လမ်းလျှောက်ဝင်လာတဲ့အခိုက်အတန့်မှာပဲ ပထမအကြည့်တချက်နဲ့တင် သူ့ချစ်သူလေးကို တွေ့လိုက်ရတယ်။ လက်တွေ့မှာ ရှောင်လီက ပိုပြီး နူးညံ့နေတယ်။ နေရောင်ခြည်က သူ့အပေါ် တစောင်းထိုးကျနေပြီး လူငယ်လေးရဲ့လှပတဲ့မေးစေ့အောက်ကနေ ဖြတ်သွားတယ်။

သူ့ချစ်သူက သူ့ကို ကုတင်ပေါ်မှာ စောင့်နေတယ်။ ရှန်ချန်ကျီးရဲ့နှလုံးသားထဲမှာ တိတ်တိတ်လေးကျေနပ်သွားပေမယ့် သူလည်းပဲ စိတ်ပူပန်နေတယ်။ သူက ကုန်းလိုက်ပြီး သူ့မျက်နှာကို ရှောင်လီ့နှဖူးမှာပွတ်တိုက်လိုက်ပြီး အနိမ့်သံနဲ့ မေးလိုက်တယ်။
"ခုထိ မသက်မသာ ဖြစ်နေတုန်းပဲလား?"

ရှန်ချန်ကျီးက ဒီလို နည်းလမ်းဟောင်းတွေ သုံးဖို့ မလိုအပ်ပါဘူး။ ရှောင်လီ့မျက်နှာက အနည်းငယ်နီနေတုန်းပဲဆိုတာကို အကြည့်တချက်နဲ့တင် ပြောနိုင်တယ်။ သို့သော်လည်း သူတို့နှစ်ယောက် အတူတူရှိနေချိန်မှာ ပုံမှန်စုံတွဲတွေလို ပြုမူရတာကို ပိုပြီးသဘောကျလေတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now