260: Vol 17: 17

3.1K 563 16
                                        

Unicode

ဖူကျန်လင်ရဲ့အော်သံက ကောင်းကင်ကြီးကွဲအက်လောက်အောင်ကို ကျယ်လောင်တယ်။ ဘေးခန်းမှာ စောင့်နေတဲ့လူတွေကို မျက်မှောင်ကြုပ်မိစေရုံသာမက သူ့မိန်းမလည်းပဲ အမြန်ပြေးထွက်လာပြီး သံသယဝင်စွာ မေးလိုက်လေတယ်။
"ဘာဖြစ်တာလဲ၊ ယောက်ျား?"

အမျိုးသားက သူ့ဂွကြားကို ဆုပ်ကိုင်ထားတယ်။ သူက တံခါးကိုမှီကာ ထိုင်လိုက်ပြီး သူ့လည်ပင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်လေတယ်။
"မမေးနဲ့။ မမေးနဲ့။ ငါမသိဘူး!"

"ငါ... 120 ကို ခေါ်လိုက်ရမလား? ရှင် ဘာဖြစ်နေတာလဲ?" အမျိုးသမီးက စိုးရိမ်ပူပန်စွာ မေးလိုက်တယ်။

အထဲက ကလေးဟာ သူ့အမေပျောက်သွားတာနဲ့ ပြန်ငိုလာပြီး အမျိုးသားက သူကြုံတွေ့ခဲ့တာတွေကို ပြောပြဖို့ ငြင်းဆန်နေတယ်။ အဲ့ဒါက သူမစိတ်ကို ရှုပ်ထွေးစေတယ်။

"ဘာကို 120 လဲ? ငါ သရဲနဲ့တွေ့ခဲ့တာကို တစ်လောကလုံး သိစေချင်လို့လား?"
ဖူကျန်လင်က သူ့သွားကိုကြိတ်ပြီး နာကျင်မှုအစကို ကျော်ဖြတ်ဖို့စောင့်ဆိုင်းပြီးနောက် သူ့ခေါင်းကိုငုံ့လိုက်ကာ ဘောင်းဘီချွတ်ပြီး အထဲကို ကြည့်လိုက်တယ်။
"ရေခဲနည်းနည်းသွားယူလာခဲ့!"

"သရဲနဲ့တွေ့ခဲ့တာလား? ရှင် ဘာဖြစ်နေတာလဲ?"

ဖူကျန်လင်က ပါးစပ်ဖွင့်ပြီး ဆဲရေးလိုက်တယ်။
"မင်းကြောင့် ဖြစ်လာတဲ့ ဒုက္ခတွေပဲ မဟုတ်ဘူးလား? သောက်ငရဲပဲ၊ အဲ့ဒါက အောက်ပိုင်းပဲရှိတဲ့ အရုပ်တစ်ရုပ်ပဲ။ မမျှော်လင့်ပဲ င့ါကို ကန်ထည့်သွားတာ!"

"ဟမ်?"
အမျိုးသမီးက ဒီအဖြေကို မမျှော်လင့်ထားပါဘူး။ သူမက ဖူကျန်လင်က တွဲထူပြီး အပြင်ကို သတ္တိရှိစွာ ကြည့်လိုက်တယ်။
"အပြင်မှာ ကျွန်မ ဘာမှမမြင်ပါဘူး။ ရှင်..."

"မင်းက ငါ လိမ်နေတယ်လို့ ထင်နေတာလား?"

"မဟုတ်ဘူး။ မဟုတ်ပါဘူး"

"မင်းနဲ့အတူပါလာတဲ့ ကံဆိုးမှုတွေကို ဖယ်ရှားဖို့ ငါ တကယ်ပဲ အမွှေးတိုင် ထွန်းရတော့မယ်"

ဖူကျန်လင်တို့ လင်မယားက သူတို့နောက်မှာရှိတဲ့ အမှောင်ထုထဲက အနက်ရောင်ဆံပင်ထွေးကို သတိမထားမိပါဘူး။ ဘေးခန်းကနေ စောင့်ကြည့်နေတော့ ဆံပင်တွေက ရှည်လျားပြီး အဆုံးမဲ့တဲ့ ကင်းခြေများကောင်လိုပါပဲ။ ဆံပင်ထွေးက ဖူကျန်းလင်နားကို ဖြည်းဖြည်းချင်းချဉ်းကပ်သွားပြီး သူ့ဘယ်ဘက်ခြေချင်းဝတ်ကို ရစ်ပတ်ချင်ပေမယ့် တွန်းအားတချို့က ကာဆီးထားလေတယ်။ အကြိမ်ပေါင်းများစွာ အချည်းနှီးကြိုးစားအားထုတ်ပြီးတဲ့နောက်မှာတော့ ဆံပင်က မူလအနေအထားကိုပဲ ပြန်ဆုတ်လာတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now