Unicode
အခု ခြေထောက်တွေက အရမ်းကို စိတ်ဆိုးနေပါတယ်။ သူ့ခြေထောက်တွေ ခွဲပြီးကျသွားတုန်းကထပ်တောင်မှ ပိုပြီးစော်ကားခံရသလိုပဲ။ တစ်ခါလေး ကန်လိုက်ရုံနဲ့ သူ ကျေနပ်မသွားပါဘူး။ နောက်တော့ သူက ရိုးရှင်းစွာပဲ ဂိမ်းသရဲပေါ်တတ်ပြီး ခြေထောက်နှစ်ဖက်လုံးနဲ့ ခုန်ဆွခုန်ဆွ နင်းလိုက်လေတယ်။
ဂိမ်းသရဲက အရိုက်ခံရတာကြောင့် ကြမ်းပြင်ပေါ် ကွေးနေပြီး သူ့မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးနေတဲ့အမူအရာနဲ့ သူ့ခေါင်းပေါ်မှာ မေးခွန်းသင်္ကေတတွေ ပြည့်နှက်နေတယ်။
Fk!
၎င်းက ဒီခြေထောက်တွေ ဘာကြောင့်ဒီလောက်စိတ်ဆိုးနေမှန်း နားမလည်ပါဘူး။ ဝမ်းနည်းရမယ့်တစ်ယောက်က သူ မဟုတ်ဘူးလား? ဒီဂိမ်းကိုဆော့ဖို့ သူ့မှာ မျှော်လင့်ချက်တွေ အများကြီးထားခဲ့ရတာ။ ရလာဒ်ကဘာလဲ၊ ထောင့်လေးထောင့်ဂိမ်းထဲမှာ ပါဝင်ကစားသူတွေက ဘယ်သူတွေလဲလို့?
ခြေထောက်တစ်စုံအကြောင်းပြောစရာကို မလိုအပ်ဘူး။ ရှိုးပွဲကောင်းကိုကြည့်နေတဲ့ ဘေးကတစ်ယောက်ဆိုရင်လည်း စေးပျစ်တဲ့အနီရောင်အရည်တွေက သူမဂါဝန်ကနေ ကြမ်းပြင်ပေါ် တစ်စက်စက်ကျနေတယ်။ သူ့ရဲ့ကောင်းမွန်တဲ့ညဘက်မြင်နိုင်စွမ်းနဲ့အကဲဖြတ်ရရင် ဒါက သွေးဆိုတာ ရှင်းနေတာပဲ! ပြီးတော့ ငိုနေတဲ့တစ်ယောက်ကလည်း လူသားတစ်ယောက်မှာရှိသင့်တဲ့ အသားရောင်နဲ့ ဆံပင်တွေ ရှိမနေဘူး။ နောက်ဆုံးတစ်ယောက်တော့ ကြည့်ရတာ သာမန်လူနဲ့တူတာပဲ—
ဂိမ်းသရဲက တစ်ခုခုကိုတွေးမိသွားတာကြောင့် ရုတ်တရက် အေးခဲသွားတယ်။ အဲ့ဒါက... ဒီနေရာက ဘယ်နေရာလဲဆိုတာ သူ သိသလိုပဲ။
စကားလုံးနတ်ဘုရားမရဲ့ ထူးဆန်းတဲ့ပုံပြင်တွေပဲ။ ဒီလူသားက Moriarty လို့ခေါ်တဲ့ နောက်ပိုင်းမှာ အရမ်းပေါ်ပြူလာဖြစ်လာတဲ့ တစ်ယောက်မဟုတ်ဘူးလား?
ဂိမ်းသရဲက သူ့ရဲ့တောင့်တင်းနေတဲ့ခြေထောက်တွေကို ဖြေလျှော့လိုက်တယ်။ သူက လူသားတွေရဲ့အားနည်းချက်ကို နေ့လည်အဆာပြေမုန့်အဖြစ်နဲ့ အခွင့်အရေးယူဖိို့ ပြင်ဆင်ခဲ့တယ်။ အခု ဒီပါဝင်ကစားသူတွေနဲ့ ID ကို သိပြီဆိုတော့ သူက ဒီအကြံကို စွန့်လွှတ်လိုက်ရုံပါပဲ။ ဂိမ်းရှုံးပြီးနောက် သူ့ရဲမူလကမ္ဘာကိုပြန်ဖို့ စောင့်နေစဉ် ခြေထောက်တွေကို လေဝင်လေထွက်ကောင်းစေဖို့ ဖြစ်တယ်။
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Terrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
