236: Vol 16: 13

2.6K 523 3
                                    

Unicode

ကျိုးရင်ရဲ့စက်လုံးရှာပုံတော်က သူ့အခန်းရဲ့အပေါ်ထပ်က အလွှာထိတောင် ရောက်သွားခဲ့တယ်။

သူက စက်လုံးရဲ့ တိကျတဲ့အရွယ်အစားကို မသိနိုင်တာကြောင့် သူ့ရဲ့အဓိပ္ပါယ်မရှိဆုံးနည်းလမ်းကိုပဲ အသုံးပြုနေရတယ်။ သူက ဂရုတစိုက်နဲ့ရှာနေရုံသာမက အခန်းတိုင်းရဲ့ အိပ်ရာခင်းတွေကိုပါဆွဲပြီး ကုတင်အောက်ပါမကျန် လိုက်ရှာနေရတယ်။ သူက နှိမ့်ချမှုကို ကျင့်သားရနေရုံသာဖြစ်တယ်။ သူက အခန်းအနည်းငယ်ပဲရှာရသေးတယ်၊ သူ့စိတ်ထဲမှာ စိတ်မရှည်ဖြစ်လာပြီး သူ့အပြုအမူတွေက နည်းနည်း ဝတ်ကျေတမ်းကျေ ဖြစ်လာတယ်။

ခုနတုန်းက ဆံပင်နက်နဲ့ဆယ်ကျော်သက်လေးက လွဲလို့ ကျိုးရင်က တခြားဘယ်သူ့ကိုမှ မတွေ့ပါဘူး။ သူက အခန်းတစ်ခန်းရဲ့အပြင်ဘက်ကို ထွက်လာရင်း ဘေးဘီကိုကြည့်ကာ နောက်ဆုံး သူ့အဖော်ကိုမေးလိုက်တယ်။
"ငါ့ကိုပြော... ဒီမှာ ဘာတွေဖြစ်နေတာလဲလို့?"

ကျိုးရင်က မူလတုန်းကတော့ တိကျပြတ်သားတဲ့ပုံရိပ်နဲ့ ပရိတ်သတ်တွေကို ပြချင်ခဲ့တယ်။ နောက်ဆုံးတော့ စစ်တမ်းကောက်ချက်တွေအရ ပရိတ်သတ်တွေက ဒီလိုပုံစံအမျိုးသားဇာတ်လိုက်ကို အကြိုက်ဆုံးပဲလေ။ ဒီလိုအထင်ကြီးစရာကောင်းတဲ့ပုံနဲ့ထွက်လာခြင်းက သူ့ရဲ့ကျော်ကြားမှုကို ပိုတိုးလာစေဖို့အကူအညီဖြစ်တာကြောင့် သူ့ခန့်မှန်းချက်တွေက မှန်တယ်လို့ပဲ အခိုင်အမာယုံကြည်ထားတယ်။ ဒါပေမယ့်...

တခြားဘာသဲလွန်စမှမပေးထာပဲ ဒီစက်လုံးကို ရှာခိုင်းထားတာက ကောက်ရိုးပုံထဲအပ်ရှာနေသလိုဖြစ်နေတာက ဒီရှိုးပွဲက အမှန်တကယ်ရောဟုတ်ပါရဲ့လား? ကျိုးရင်က သံသယတချို့ မဝင်ပဲမနေနိုင်တော့ဘူး။

"ဒီနေရာက အရမ်းကိုစစ်မှန်နေတယ်။ တကယ့်အကျဉ်ထောင်အစစ်နဲ့တူတယ်လို့ ငါထင်တယ်"
သူ့အရှေ့မှာလျှောက်နေတဲ့ သူ့အသင်းဖော်က ဘေးဘီကိုကြည့်လိုက်တယ်။ သူတို့နှစ်ယောက်လုံးက အစမ်းသီဆိုသရုပ်ဆောင်တဲ့ရှိုးပွဲမှာ ပွဲဦးထွက်လာကြတဲ့ ပြိုင်ပွဲဝင်တွေ ဖြစ်ကြတယ်။ သူတို့ရဲ့ခင်မင်ရင်းနှီးမှုက အရမ်းမနက်ရှိုင်းပေမယ့် အချင်းချင်းတော့ ရင်းနှီးကြတယ်။
"သဲလွန်စတွေကို ထပ်ရှာကြည့်မယ်။ ဘာသဲလွန်စမှမရှိဘူးဆိုရင်တော့ ငါတို့တွေ ခဏနားကြမယ်"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now