Unicode
ချောင်းကြည့်သူရဲ့နောက်ကျောက တောင့်တင်းသွားတယ်။ ဒီလှုပ်ရှားမှုက သူ့ခေါင်းကို အမှိုက်ပုံးထဲကနေ ထွက်လာစေတယ်။ ပထမတော့ သူခေါင်းကို ဘယ်ဘက်လှည့်ရမလား ညာဘက်လှည့်ရမလားဆိုတာ တွေဝေနေတယ်။ နောက်ဆုံးတော့ လူသားလက်လို့ ခံစားရတဲ့ ဘယ်ဘက်ကိုပဲလှည့်ဖို့ ရွေးချယ်လိုက်လေတယ်။
သို့သော်လည်း ချောင်းကြည့်သူ့က ရှောင်လီ့လက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ အရုပ်လေးရဲ့ဆံပင်က မကျေနပ်တဲ့အမူအရာမဲ့ သူ့ညာဘက်ပုခုံးကို ပုတ်လိုက်တယ်။ ချောင်းကြည့်သူက တခဏလောက် အေးခဲသွားပြီး ဆံပင်ကြောင့်ဖြစ်ခဲ့တဲ့အကြောက်တရားကို ပြန်သတိရသွားတယ်။ သူက အသိစိတ်ကင်းမဲ့စွာပဲ သူ့လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး ညာဘက်ကို လှည့်လိုက်တယ်။
ထို့နောက် ရှောင်လီက ရယ်မောလိုက်ပြီး ပျင်းရိစွာပဲ သူ့ပုခုံးကို ညှစ်လိုက်လေတယ်။ ဘယ်ဘက်ရော ညာဘက်ပါ တပြိုင်နက်ထဲ ဖိအားပေးခံလိုက်ရတယ်။ ချောင်းကြည့်သူက ဘာလုပ်ရမလဲဆိုတာ မသိတော့ပါဘူး။ ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုပြုလုပ်ပြီးတဲ့နောက် သူက လူသားလက်ရှိတဲ့ဘက်ကိုပဲ ရွေးချယ်လိုက်လေတယ်။ ထူးဆန်းပေမယ့် ရင်းနှီးနေတဲ့မျက်နှာတစ်ခုကို သူတွေ့လိုက်ရတယ်။ လူငယ်လေးက သူ့မေးကိုမော့ပြီး ပုံမှန်ပဲ မေးလိုက်တယ်။
"မင်း ဒီမှာဘာလုပ်နေတာလဲ?"
သူက မေးခွန်းတစ်ခုမေးလိုက်ပေမယ့် သူ့မျက်လုံးထဲမှာတော့ သိချင်တဲ့စိတ်ခံစားချက် ရှိမနေပါဘူး။
အမှိုက်ပုံးထဲက ချောင်းကြည့်သူဟာ ဆံပင်တွေရှုပ်ပွနေပြီး ပုတိုတဲ့အရပ်အမောင်းရှိတယ်။ အဲ့ဒါကြောင့်ပဲ သူက အမှိုက်ပုံးထဲ သူ့ကိုယ်သူ တိုးဝင်နေလို့ရတာ ဖြစ်တယ်။ သူက ကျောင်းယူနီဖောင်းကို ဇစ်မတပ်ပဲ ဝတ်ဆင်ထားပြီး သူ့ခြေထောက်တွေက အမှိုက်ပုံးထဲမှာပဲ ရှိနေတယ်။ သူကတော့ ရွှီကျားဟန်ပါပဲ။
ရွှီကျားဟန်က ရှောင်လီ့ကိုကြည့်ပြီးနောက် သူ့ညာဘက်ပုခုံးပေါ်က ဆံပင်ကို ကြည့်လိုက်လေတယ်။ သူက ဆံပင်သွားရာလမ်းကြောင်းတစ်လျှောက်ကြည့်လိုက်တော့ ရှောင်လီ့အိတ်ကပ်ဆိုတာကို တွေ့သွားတယ်။ ဒီဆံပင်ထွေးတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် အစပိုင်းတုန်းက သူပြောချင်တာတေကို မေ့သွားတယ်။ သူက အထစ်ထစ်အငေ့ါငေ့ါနဲ့ ပြောလိုက်တယ်။
"ဒ-ဒီဆံပင်တွေက ခင်များရဲ့ဟာတွေလား?"
YOU ARE READING
ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)
Horrorငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် I don't own anything. Credits for all original authors, translators and artists. Title: I wasn't born lucky Total Chapters: 268 + e...
