257: Vol 17: 14

3.5K 557 6
                                        

Unicode

ရှောင်လီက ဆန်းမိသားစုရဲ့မြေအောက်ကော်ရစ်ဒါက အခန်းတွေကို ရှာဖွေခဲ့ပေမယ့် အနီးအနားမှာ အက်ကွဲရာတွေကို ရှာမတွေ့ခဲ့ပါဘူး။ အဲ့လိုမျိုး အက်ကွဲမှုအတိုင်းအတာကို သာမန်မျက်စိနဲ့မမြင်နိုင်တာ သို့မဟုတ် ဆန်းမိသားစုရဲ့မူမမှန်မှုအရင်းအမြစ်က ဒီနေရာမှာမဟုတ်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဆန်းချီလင်က ဝမ်ဟွိုင်ရဲ့ကြိုးနဲ့ တင်းတင်းကြပ်ကြပ်ချည်နှောင်ခံထားရပြီး အော်လို့လည်းမရသလို ရုန်းကန်လို့်လည်း မရပေ။ ဝမ်ဟွိုင်က လူတွေကို ကသုတ်ကရက်ဆက်သွယ်နေချိန် တစ်ဖက်ခြမ်းမှာ မတ်တပ်ရပ်နေခဲ့တယ်။

ရှောင်လီက မြေအောက်ကနေ ထွက်လာခဲ့တယ်။ သူ့အခန်းတံခါးမှာရပ်ပြီး တံစက်မြိတ်ကနေ ဖြောင့်ဖြောင့်တန်းတန်းကျလာတဲ့ မိုးရေစက်တွေကို ကြည့်နေတယ်။ မိုးရေထဲမှာ ဝေဝါးနေပြီး တစ်ယောက်နဲ့တစ်ယောက် ခွဲခြား မသိမြင်နိုင်ပေ။

ရှန်ချန်ကျီးက သူ့ဘေးမှာ ရပ်နေတယ်။
"မင်း ဘာတွေ စဉ်းစားနေတာလဲ?"

"အများကြီးပဲ" ရှောင်လီက အချိန်အတော်ကြာပြီးနောက် ပြန်ဖြေလိုက်ရင်း တံစက်မြိတ်ကကျလာတဲ့ မိုးရေစက်တွေကို ဖမ်းဖို့ လက်လှမ်းလိုက်တယ်။ မိုးရေစက်တွေက ပြတ်တောက်ကုန်ပြီး သူ့ဖိနပ်ကို ရေစင်ကုန်တယ်။
"အဲ့ဒီတိုင်အောင် အရာအားလုံးက ပြီးလုနီးပါး ဖြစ်နေပါပြီ"

ပိုကောင်းဖို့ သို့မဟုတ် ပိုဆိုးဖို့အတွက် အစစ်အမှန်ကမ္ဘာက အဆုံးတစ်ခုကို ရောက်လာမှာပါပဲ။

"ဒါပေမယ့်ကိုယ်တို့တွေကတော့ အဆုံးမသတ်ပါဘူး"​ရှန်ချန်ကျီးက တံခါးဘောင်ကိုမှီပြီး ပြောလိုက်တယ်။

သူတို့နောက်မှာ အလျင်လိုနေတဲ့ခြေသံတွေ ထွက်လာတယ်။ ရှောင်လီက ခေါင်းလှည့်ကြည့်လိုက်တော့ လော်ရှန်းကို ဝမ်ဟွိုင်နဲ့အတူ အမြန်လာနေတာ တွေ့လိုက်ရတယ်။ ကုန်းမင်မင်နဲ့ ရယ်ညီအကိုတွေက ဆန်းချီလင်ကို 'ဂရုစိုက်ဖို့' အောက်မှာ ကျန်နေခဲ့တယ်။

လော်ရှန်းက ရှန်ချန်ကျီးရဲ့မျက်လုံးတွေနဲ့ ဆုံမိတဲ့အခါ မုဆိုးရဲ့မျက်လုံးနဲ့ဆုံလိုက်ရသလိုမျို တွန့်သွားပေမယ့် မကြာခင်မှာပဲ သူမစိတ်ကို ထိန်းချုပ်ပြီး ရှောင်လီ့ကို ပြောလိုက်တယ်။
"ရဲတွေ မကြာခင်ရောက်လာတော့မယ်။ သူတို့မလာခင် ငါတို့ အရင် ထွက်သွားသင့်တယ်"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now