254: Vol 17: 11

3.3K 569 4
                                        

Unicode

ရှောင်လီက ဝမ်ဟွိုင် စားပွဲပေါ်တင်လိုက်တဲ့ သစ်သားသေတ္တာကို ကောက်ယူလိုက်တယ်။ သူက နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီးနောက် သေတ္တာကို အောက်လှန်လိုက်ပေမယ့် အချွဲတွေက စီးမကျလာဘူး။

ဝမ်ဟွိုင်က ဆက်ပြောတယ်။
"သူ့အစ်မနာမည်က ဆန်းကျင်းလင်လို့ သူ ပြောတယ်။ ကျားရမ်ဆိုတာက သူမရဲ့အိမ်ခေါ်နာမည်ဖြစ်ပြီးတော့ သူမရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်တွေနဲ့ မိသားစုဝင်တွေကပဲ​ သူမကို အဲ့လိုခေါ်တာလို့ ပြောတယ်"

ရှောင်လီက တစ်ရှုးကိုယူပြီး သေတ္တာကို သုတ်လိုက်တယ်။ သူ ဘယ်လောက်ပဲ​သုတ်သုတ် အချွဲတွေက အောက်ခြေကနေ ထွက်မသွားဘူး။ သူက အကြိမ်အနည်းငယ်လောက် ကြိုးစားပြီး နောက်ဆုံးမှာ လက်လျှော့လိုက်ကာ သေတ္တာကို စားပွဲပေါ်ပြန်တင်ပြီး ဝမ်ဟွိုင်စကားပြောပြီးမှာကို စောင့်နေတယ်။

"ဆန်းကျားရမ်မှာ ဖြစ်နေတာတွေကို ငါ အရိပ်အမြွက်ပြောခဲ့တယ်။ သူက နည်းနည်းလှုပ်ရှားသွားပေမယ့် ဘာကိုမှ မပြောပဲ နေနေတုန်းပဲ"
ဝမ်ဟွိုင်ရဲ့စကားတွေက ပုံမှန်ထပ် နည်းနည်းပိုမြန်နေတယ်။
"ဒီအသားပိုင်းကတော့ သူ့မိသားစုခေါင်းဆောင်က ယူလာတဲ့ပစ္စည်းလို့ပြောတယ်။ အဲ့ထပ်ပိုပြီး ငါ မမေးသင့်ဘူးတော့"

"ဒါဆို မင်း ငါ့ကို ဒီအကြောင်းတွေလာပြောတာက—"

ရှောင်လီစကာမဆုံးခင် ကုန်းမင်မင်က ရုတ်တရက် အပြင်ကနေ ဝင်လာတယ်။ သူမနောက်မှာ လော်ရှန်းလိုက်လာပြီး သူမလက်ထဲမှာ သံလိုက်အိမ်မြောင်တစ်ခု ကိုင်ထားတယ်။ မိန်းကလေးက အသက်ကိုအမြန်ရှုရှိုက်ပြီး သူတို့ကို ပြောလေတယ်။
"ငါနဲ့ လိုက်ခဲ့"

"ဘာဖြစ်လို့လဲ?"

"ဆန်းကျားရမ် ဒါမှမဟုတ် ဆန်းကျင်းလင်ရဲ့အခန်းကို ငါရှာတွေ့ပြီ"

***

အပြင်မှာ မိုးရွာနေဆဲဖြစ်ပြီး ကောင်းကင်က နေဝင်ချိန်လို မှောင်မိုက်နေတယ်။ သူတို့တွေ အခန်းထဲမှာတုန်းက ပြတင်းပေါက်ပိတ်ထားလို့ ဘာမှမခံစားရပေမယ့် မိုးရေထဲမှာ လျှောက်သွားတဲ့အခါမှာတော့ မိုးရေတွေပိုများလာတာကို ခံစားလိုက်ရတယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now